အစ္စရေး ဒုံးကျည်ပစ်ခတ်မှုကြောင့် ဆီးရီးယားဆိပ်ကမ်း မီးလောင်

အစ္စရေးက ဒုံးကျည်နဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ပစ်ခတ်တိုက်ခိုက်လို့ ဆီးရီးယားနိုင်ငံ လတ်တာကီယာ ဆိပ်ကမ်းက ကုန်သေတ္တာသိုလှောင်တဲ့ဧရိယာမှာ လောင်နေတဲ့ မီးတွေကို မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆီးရီးယား အစိုးရမီဒီယာက ထုတ်လွှင့်ပါတယ်။
ဒီဇင်ဘာလအတွင်း ဒုတိယမြောက် တိုက်ခိုက်မှုကြောင့် ဆေးရုံတရုံရဲ့ မျက်နှာစာ ထိခိုက်ခဲ့ပြီး အပျက်အစီးတွေကို စိစစ်နေဆဲလို့ ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
လာတာကီယာဆိပ်ကမ်းဟာ မြေထဲပင်လယ်ဆိပ်ကမ်းဖြစ်ပြီး ဆီးရီးယားရဲ့ အဓိက စီးပွားရေးဆိုင်ရာ ဆိပ်ကမ်းလည်း ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံထဲက အီရန်ရဲ့ ပစ်မှတ်တွေလို့ အစ္စရေးက ပြောတဲ့နေရာတွေကို အစ္စရေးဟာ ပိုပြီး မကြာခဏ တိုက်ခိုက်လာနေတာပါ။
ဆီးရီးယား စစ်ပွဲအတွင်း သမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ထောက်ပံ့ဖို့ ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း လက်ဘနွန်နိုင်ငံထဲက ဟဇ်ဘိုလာ ပြောက်ကျားတပ် အပါအဝင် အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်တွေကို တပ်ချထားပါတယ်။
ဆီးရီးယား စစ်ပွဲအတွင်း အာဆတ်ရဲ့ အားအကောင်းဆုံး မိတ်ဖက်ဖြစ်တဲ့ ရုရှားကတော့ လာတာကီယာနဲ့ ၁၂ မိုင်အကွာက လေတပ်အခြေစိုက်စခန်းကို စီမံခန့်ခွဲနေပါတယ်။