ဟေတီသမ္မတ လုပ်ကြံခံရမှုဖြင့် ကိုလံဘီယာနိုင်ငံသား ၁ ဦးကို အမေရိကန်တွင် ဖမ်းဆီး တရားစွဲ

ဟေတီသမ္မတ ယိုဗေနဲလ်မွိုက်ဆေးကို လုပ်ကြံရာမှာ ပါဝင်ပတ်သက်မှုနဲ့ ကိုလံဘီယာ နိုင်ငံသားတယောက်ကို အမေရိကန်နိုင်ငံထဲမှာ ဖမ်းဆီး တရားစွဲထားရတယ်လို့ အမေရိကန် တရားရေးဌာနက ဇန်နဝါရီ ၄ ရက်မှာ ပြောပါတယ်။
အသက် ၄၃ နှစ်အရွယ် မာရီယို အန်တိုနီယို ပါလာစီယို့စ်ကို အမေရိကန် နိုင်ငံပြင်ပမှာ ပြန်ပေးဆွဲ သတ်ဖြတ်မှု ကျူးလွန်ရာမှာ ပူးပေါင်းကြံစည်မှု၊ ပြန်ပေးဆွဲ သတ်ဖြတ်ဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ သုံးမယ့်ပစ္စည်းတွေ ဆိုတာ သိလျက်နဲ့ သေဆုံးစေတဲ့ ပစ္စည်းတွေကို တမင်ရည်ရွယ်ချက် ရှိရှိ ထောက်ပံ့မှုတွေနဲ့ တရားစွဲထားတယ်လို့ တရားရေးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ပါလာစီယိုကို ဖမ်းဆီးထိန်းသိမ်းထားပြီး အင်္ဂါနေ့မှာ တရားရုံးမှာ ရုံးတင် စစ်ဆေးမယ်လို့ ရိုက်တာ သတင်းဌာနက သတင်းထုတ်ပါတယ်။