နည်းပြရင်းနစ်ခ်အတွက် မန်ယူအသင်းက အပြောင်းအရွှေ့ဘတ်ဂျက် ချပေးမည်

မန်ယူနိုက်တက်အသင်းဟာ အခုနှစ်ဇန်နဝါရီမှာ ကစားသမားသစ်တွေခေါ်ယူဖို့အတွက် နည်းပြ ရက်ဖ်ရင်းနစ်ခ်ကို အပြောင်းအရွှေ့ဘက်ဂျက် ချပေးသွားမယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက စီရော်နယ်ဒို အပါအဝင် ဂျေဒန်ဆန်ချိုနဲ့ ဗာရန်းတို့လို ထိပ်တန်းကစားသမား ၃ ဦးအတွက် ပေါင် ၁၂၆ သန်းအထိ အသုံးပြုခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအသင်းလူစာရင်းမှာ အရည်အသွေးမြင့်ကစားသမားတွေ လိုအပ်နေသေးပြီး နည်းပြ ရင်းနစ်ခ်ဟာလည်း ရုန်းကန်နေရတာကြောင့် ဘတ်ဂျက်ချပေးဖို့ အသင်းပိုင်ရှင်တွေက ဆုံးဖြတ်ထားပါတယ်။
နည်းပြရင်းနစ်ခ်ဟာ သူ့ကစားကွက်မှာ အံဝင်မယ့်ကစားသမားတွေကို ချိတ်ဆက်နေပြီး လိုက်ဇစ်ကွင်းလယ်လူ အမာဒူဟိုင်ဒါရာက နံပါတ်တစ်ပစ်မှတ်လို့ဆိုပါတယ်။
တချိန်တည်းမှာပဲ အသင်းရှိ ကစားသမား ၁၁ ဦးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း ဆုံးဖြတ်ချက်ချမှတ်သွားရမယ်လို့ သိရပါတယ်။