close

ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ကမ္ဘာ့ရတနာဘဏ်မှာ  ဇန်နဝါရီ ၆ ရက် မနက် ၁၁ နာရီခွဲလောက်က  ဓားပြတိုက်ခံခဲ့ရတယ်လို့ ဘဏ်အသိုက်အဝန်းနဲ့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကျိုက္ကော်ဈေးအရှေ့မှာ ရှိတဲ့ ကမ္ဘာ့ရတနာဘဏ်ကို ဟွန်ဒါဖစ်ခဲရောင် ကားတစ်စီး၊ လူအင်အား ၃ ယောက်လောက်က သေနတ်တွေနဲ့ ဝင်ရောက်လာပြီး ဓားပြတိုက်သွားခဲ့တာပါ။

ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရတဲ့အတွက်ကြောင့် ငွေကျပ် အနည်းဆုံး သိန်း ၈၀၀ လောက် ပါသွားတယ်လို့ အဆိုပါ ဘဏ်နဲ့နီးစပ်သူက ပြောပါတယ်။

ဘဏ်ဓားပြတိုက်သူတွေဟာ ဓားပြတိုက်ပြီးနောက်  သထုံမြို့နယ် ဝီယော်ကျေးရွာဘက်ကို မောင်းနှင်းသွားစဉ် စစ်ကောင်စီရဲ့ အမှတ် (၉) ခြေမြန်တပ်ရင်းအရှေ့မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ဆက်လက် မောင်းထွက်သွားခဲ့တာပါ။

သုဝဏ္ဏဝတီမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း မြန်မာ့ရှေ့ဆောင်ဘဏ် ငွေသိမ်းကားတစ်စီး ရန်ကုန်- မော်လမြိုင်ကားလမ်းအပေါ်မှာ ဓားပြတိုက်ခံခဲ့ရပြီးနောက် ငွေကျပ်သိန်း ၈၀၀ နဲ့ ဝန်ထမ်းတွေရဲ့ ဖုန်းတွေပါသွားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up