close

ဇေယျာတိုင်းမ်သတင်းဌာနဒု-အယ်ဒီတာချုပ် ကိုပြည့်ဖြိုးအောင်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

စစ်ကိုင်းမြို့ အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနရဲ့ ဒုတိယအယ်ဒီတာချုပ်အဖြစ် လုပ်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်ကို စစ်ကိုင်းမြို့နယ် တရားရုံးကနေ ဇန်နဝါရီ ၆ ရက်က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ကိုပြည့်ဖြိုးအောင်ဟာ အောက်တိုဘာလ ဒုတိယပတ်ထဲမှာ ဖမ်းဆီးခံခဲ့ရပြီး ရွှေဘိုအကျဉ်းထောင်မှာ ၃ လ နီးပါး ချုပ်နှောင်ခံခဲ့ရပါတယ်။

ကိုပြည့်ဖြိုးအောင်ရဲ့ ရှေ့နေက “အမှုက တချို့သက်သေတွေကို စစ်တယ်။ တချို့သက်သေတွေကို ပယ်တယ်။ စွဲချက်မှာတင် သူတို့ စွပ်စွဲချက်ကို မငြင်းတာကြောင့် ဒီနေ့ ရွှေဘိုထောင်မှာ အမိန့်ချလိုက်တယ်” လို့ ပြောပါတယ်။

ဇေယျာတိုင်းမ်သတင်းဌာနအနေနဲ့ စစ်ကောင်စီကို အာဏာသိမ်းစစ်ကောင်စီအဖြစ်သုံးစွဲတာ၊ NUG/CRPH ရဲ့ သတင်းတွေကို ဖော်ပြတာ၊ ပြည်သူ့ဝန်ထမ်းတွေကို CDM မှာ ပါဝင်ဖို့ တိုက်တွန်းတာ စတဲ့အချက်တွေကြောင့် ဌာနရဲ့ အယ်ဒီတာချုပ်၊ ဒုတိယ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်တို့ကို ၅၀၅ (က) နဲ့ အမှုဖွင့်ထားခံထားရတယ်လို့ သိရပါတယ်။

ဇေယျာတိုင်းမ်သတင်းဌာနရဲ့ ဒုတိယအယ်ဒီတာချုပ်အဖြစ်လုပ်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်ဟာ မန္တလေးအလင်းသတင်းစာ၊ ရတနာပုံနေ့စဉ်၊ Voice Of Myanmar စတဲ့ သတင်းဌာနတွေမှာလည်း သတင်းထောက်အဖြစ် လုပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up