နာဘတ်စ်တွင် ပါလက်စတိုင်းသေနတ်သမားကို အစ္စရေးစစ်သားများ ပစ်သတ်

4
အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသ ပါလက်စတိုင်းမြို့ နာဘတ်စ်မှာ ဇန်နဝါရီ ၆ ရက်က အစ္စရေးစစ်သားတွေက ပါလက်စတိုင်းသေနတ်သမားတဦးကို ပစ်သတ်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက “ပါလက်စတိုင်းသေနတ်သမားတွေက စစ်သားတွေကို စတင်ပစ်လို့ ပြန်ပစ်ခဲ့တာ တဦးသေဆုံးသွားတယ်၊ အလိုရှိနေသူလည်း ဖမ်းမိခဲ့တယ်” လို့ တွစ်တာပေါ်မှာ ရေးထားပါတယ်။
၂၀၁၄ မှာ အမေရိကန်က ကမကထလုပ်ပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် အစ္စရေးနဲ့ ဆွေးနွေးမှုတွေ စလုပ်ကတည်းက အနောက်ဘက်ကမ်းဒေသမှာ မကြာခဏ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေခဲ့တာပါ။