close

ဘီးလင်း ကြာသောင်းဆိပ်က စစ်ရှောင်ပြည်သူ ၂၀၀၀ ကျော် အကူအညီများလိုအပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြာသောင်းဆိပ်က စစ်ရှောင်ပြည်သူ ၂၀၀၀ ကျော်အတွက် အနွေးထည်၊ စောင်နဲ့ စားနှပ်ရိက္ခာကအစ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ကြာသောင်းဆိပ် BGF တပ်စခန်းကို ဒီဇင်ဘာ တတိယအပတ်မှာ စစ်ကောင်စီနဲ့ BGF ပူးပေါင်းအဖွဲ့က လာရောက်တပ်စွဲပြီးနောက် ကြသောင်းဆိပ်၊ ကုန်းရွာ၊ ထော်ကလော်ထာ့ အပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

နီးစပ်ရာ တောတောင်တွေနဲ့ ကမမောင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အခုအခါမှာတော့ စားနှပ်ရိက္ခာကအစ အခက်အခဲရှိလာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

ကြာသောင်းဆိပ် BGF တပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ KNLA တပ်မဟာ (၁) က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီနဲ့ BGF ပူးပေါင်းအဖွဲ့ အင်အား ၈၀ လောက်ဟာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကြာသောင်းဆိပ်တပ်စခန်းကို ပြန်လည်ရောက်ရှိလာပြီး၊ ဘုန်ကြီးကျောင်းမှာ တပ်စွဲထားပါတယ်။

စစ်ကောင်စီနဲ့ BGF ပူးပေါင်းလာရောက် တပ်စွဲထားတဲ့အတွက် နှစ်ဖက် စစ်ရေးတင်းမာနေရပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ KUN တပ်မဟာ (၁) သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဘုန်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၆ ရက်နေ့က ကြာသောင်းဆိပ် ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up