ငွေကြေးကြောင့် နယူးကာဆယ်ကို ပြောင်းရွှေ့ခြင်းမဟုတ်ကြောင်း ထရစ်ပီယာပြော

နယူးကာဆယ်အသင်းဟာ အင်္ဂလန်ညာနောက်ခံလူ ထရစ်ပီယာကို စပိန်ကလပ် အက်သလက်တီကို ကနေ ပေါင် ၁၂ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
ဆော်ဒီလုပ်ငန်းစုကနေ ဝယ်ယူပြီးနောက်ပိုင်း နာမည်ကြီးကစားသမားတစ်ဦးကို ပထမဆုံး ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်နောက်ခံလူ ထရစ်ပီယာကတော့ ငွေကြေးကြောင့် ပြောင်းရွှေ့လာတာမဟုတ်ဘဲ နယူးကာဆယ်အသင်းအတွက် ပေးဆပ်ကစားချင်လို့ ပြောင်းရွှေ့လာတာလို့ ပြောပါတယ်။
“ဒီကိုလာတာက စီမံကိန်းတစ်ခုအတွက်ပါ။ တခြားကမ်းလှမ်းမှုတွေလည်း ရှိခဲ့ပေမယ့် နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ နှစ်ကြိမ် မစဉ်းစားခဲ့ရပါဘူး။ လူတွေကတော့ ငွေကြေးကြောင့်လို့ ဝေဖန်ချင်ကြပေမယ့် ငွေကြေးက အဓိကမဟုတ်ဘူးဆိုတာ ကျနော်ကိုယ်တိုင် သိပါတယ်” လို့ ထရစ်ပီယာက ပြောသွားပါတယ်။
အသက် ၃၁ နှစ်အရွယ် ထရစ်ပီယာဟာ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး နယူးကာဆယ်အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။