အက်သလက်တီကိုမက်ဒရစ်အသင်းသားများ နည်းပြမရှိဘဲ လေ့ကျင့်နေရ

3
နည်းပြ ဆင်မြူနီ ကိုဗစ်-၁၉ ကူးစက်ခံထားရတာကြောင့် အက်သလက်တီကိုမက်ဒရစ် အသင်းသားတွေ ဒီဇင်ဘာ ၃၁ ရက်နေ့က နည်းပြမရှိဘဲ လေ့ကျင့်ခဲ့ရပါတယ်။
လောလောဆယ်မှာ အသင်းနည်းပြ ဆင်မြူနီနဲ့ အသင်းခေါင်းဆောင် ကိုကီ၊ အလယ်တန်းကစားသမား တစ်ဦး၊ ရှေ့တန်းကစားသမား နှစ်ဦးတို့ ကိုဗစ် ၁၉ ကူးစက်ခံထားရတာပါ။
သူတို့အားလုံး ကိုယ့်အိမ်မှာ သီးသန့်နေနေကြတယ်လို့ အသင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
လာလီဂါမှာ အဆင့် ၅ ရပ်တည်နေတဲ့ အက်သလက်တီကို အသင်းဟာ အခုအချိန်အထိ ၁၈ ပွဲ ကစားထားပြီး ဇန်နဝါရီ ၂ ရက်နေ့မှာတော့ ရေယို အသင်းနဲ့ ကစားရဖို့ ရှိပါတယ်။