close

ရေစကြိုတွင် စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို PDF တပ်ဖွဲ့က ပြောပါတယ်။

ရေစကြိုအခြေစိုက် အမှတ် ၂၅၈ တပ်ရင်းထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ အပြည့်လိုက်ပါလာတဲ့ ကားတစ်စီးကို မနက် ၁၀ နာရီလောက် ရေစကြိုPDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြို PDF ခေါင်းဆောင်က ဒီဗွီဘီကိုပြောပါတယ်။

“ခမရ ၂၅၈ တပ်ရင်းရဲ့ တောင်ဘက်နားမှာ မိုင်ဆွဲတိုက်ခိုက်ခဲ့တာဗျ။ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီတပ်ဘေးနားမှာ ဖြစ်လို့ အတည်မပြုနိုင်သေးပေမယ့် ထိခိုက်သေဆုံးသူတွေတော့ ရှိနိုင်တယ်။”

အဲဒီ စစ်ကောင်စီတပ်သားတွေဘက်က သေနတ်တွေနဲ့ ရမ်းသမ်းပြီးတော့ အချက်ပေါင်း များစွာ ပစ်ခတ်ခဲ့ပေမဲ့ PDFတပ်ဖွဲ့က ရဲဘော်တွေ အထိအခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့ဒေသခံတစ်ယောက်က “ခမရ ၂၅၈ တပ်ရင်းနားမှာ ဒီနေမနက်ပိုင်းက ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်ပြီးတော့ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားလိုက်ရတယ်ဗျ။ ကျနော်တို့လည်း ကြောက်တာနဲ့ သွားမကြည့်ရဲဘူး။” လို့ ပြောပါတယ်။ 

ဒါ့အပြင် ဒီကနေ့ညပိုင်းမှာလည်း ဌာနဆိုင်ရာရုံးပေါင်းစုံနဲ့ စည်ပင်ပန်းခြံဘက်မှာ ပေါက်ကွဲသံ ၃ ကြိမ်လောက် ကြားရတယ်လို့ ​ ဆိုပါတယ်။

အဲဒီ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up