close

မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးကား မိုင်းဆွဲတိုက်ခိုက်ခံရ

၏မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်မှာ ဇန်နဝါရီ ၆ ရက်နေ့ ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးကား မိုင်ဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ အထက်မင်းလှ PDF တပ်ဖွဲ့ဆီက သိရပါတယ်။

မင်းလှမြို့နယ် လယ်လှရွာနဲ့ ဒီးဒုတ်ကန်ရွာကြားမှာ မနေ့ညနေ ၆ နာရီလောက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကားကို အထက်မင်းလှ PDF တပ်ဖွဲ့က ရှော့ရိုက်မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ အထက်မင်းလှ PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကား အရှေ့မှန်ပျက်စီးသွားပြီးတော့ လူကတော့ ထိခိုက်မှုမရှိဘူးလို့ စုံစမ်းသိရတယ်လို့ ဆိုပါတယ်။

မင်းလှမြို့နယ်ထဲက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း ပြည်သူလူထုကို မတရားဖိနှိပ်ပြီးတော့ စစ်ကောင်စီကို သတင်းပေးတာတွေမပြုလုပ်ကြဖို့နဲ့ ရာထူးမက်မောတာတွေ ဖြေလျှော့ကြဖို့ သတိပေးချင်တယ်လို့ ပြောပါတယ်။

အထက်မင်းလှ PDF တပ်ဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့ အာဏာသိမ်းစစ်ကောင်စီအမြစ်ပြတ်တဲ့ အထိတိုက်ပွဲဝင်သွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ နေရာတွေကို မသွားရောက်ကြဖို့လည်း သတိပေးထားပါတယ်။

အဲဒီမိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်ကို အသေးစိတ်သိရှိနိုင်ဖို့ မင်းလှမြို့နယ် ထွေအုပ်ရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်လက်ခံဖြေကြားခြင်းမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up