ကမ္ဘာ့ပထမဆုံး အရောင်ပြောင်းကားကို အမေရိကန်တွင် BMW မိတ်ဆက်

ဂျာမန်ကားကုမ္ပဏီ BMW က ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံး အရောင်ပြောင်းကား (color-changing car) ကို အမေရိကန် Las Vegas မြို့ ကားပြပွဲမှာ ထုတ်ပြသခဲ့ပါတယ်။
‘BMW iX Flow’ လို့ အမည်ပေးထားတဲ့ကားမှာ E-Ink နည်းပညာကို အသုံးပြုထားပြီး ကားရဲ့အပြင်ပိုင်းကို အရောင်အမျိုးမျိုး ပြောင်းလဲပေးနိုင်တဲ့ ကာလာပြောင်းအရည်ထည့်ထား ပါတယ်။
BMW ကားထုတ်လုပ်မှု သုတေသနအင်ဂျင်နီယာ ‘စတဲလာ ကလပ်ခ်’ က “ဒီကားက ကမ္ဘာ့ ပထမဆုံး အရောင်ပြောင်းကား အစစ်ပါ။ အပြင်မှာ အတုတွေလည်း ရှိတယ်။ ကျနော်တို့ကားက E Ink နည်းပညာကို သုံးထားလို့ စွမ်းအင်လည်း ချွေတာနိုင်တယ်။ အဖြူရောင်ကားကို နေအပူချိန်နဲ့ လိုက်ဖက်တဲ့ အရောင်တွေ ပြောင်းပေးနိုင်တယ်။ အပူကို စုပ်ဖို့ အနက်ရောင် ပြောင်းပေးနိုင်တယ်။ အံ့မခန်းနည်းပညာနဲ့ လုပ်ထားပါတယ်။ အဲဒီလို အရောင်ပြောင်းလို့ စွမ်းအင်မကုန်ပါဘူး” လို့ ပြောပါတယ်။