ထိုင်ဝမ်လေတပ်က ဂျက်တိုက်လေယာဉ်များဖြင့် စစ်ရေးလေ့ကျင့်

တရုတ်က ထိုင်ဝမ်ကျွန်းကိုပိုင်ဆိုင်ကြောင်း တောင်းဆိုမှုတွေ ပိုလုပ်လာနေချိန်မှာပဲ ထိုင်ဝမ် လေတပ်က ဂျက်လေယာဉ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ သုံးရက်ပြုလုပ်ပြီး သူတို့ ကျွန်းကို ကာကွယ်ဖို့ အသင့်ရှိကြောင်း ပြသခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုဟာ မကြာခင်ကျရောက်တော့မယ် ထိုင်ဝမ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆို တာလည်း ဖြစ်ပါတယ်။
မြေပြင်တပ်ဖွဲ့တွေကလည်း သံချပ်ကာကားတွေနဲ့ သစ်တောတွေ မြို့ပြလူနေအိမ်တွေကိုဖြတ်ပြီး ပုံစံမျိုးစုံနဲ့ လေ့ကျင့်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်လေတပ်က ထိုင်ဝမ်ကျွန်းနားကပ်ပြီး စစ်ရေးအင်အားပြမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့တဲ့နောက် တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
တရုတ်က ‘မီးခိုရောင်ဇုန်’ လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အကြိမ်ကြိမ်လုပ်ပြပြီး ထိုင်ဝမ်တပ်တွေကို အားစမ်းနေပါတယ်။