close

အယ်လ်ဘေးနီးယားတွင် အတိုက်အခံပါတီကို လူထောင်ချီ ဆန္ဒပြ

အယ်လ်ဘေးနီးယားမှာ ပါတီကြီးနှစ်ခု ပြိုင်ဆိုင်မှုပြင်းထန်နေချိန်မှာ ဒီဇင်ဘာ ၈ ရက်နေ့က တီရာနာမြို့ရှိ အတိုက်အခံ ဒီမိုကရက်တစ်ပါတီရုံးကို လူထောင်ချီဆန္ဒပြခဲ့တာကြောင့် ရဲတွေက မျက်ရည်ယိုဗုံးတွေ ရေပိုက်တွေနဲ့ ဖြိုခွဲခဲ့ပါတယ်။ 

အဲဒီလိုဖြိုခွင်းရာမှာ ဆန္ဒပြသူတဦးနဲ့ ရဲတဦး ဒဏ်ရာရခဲ့ပြီး လူတဒါဇင်ကျော် အဖမ်းခံခဲ့ရပါတယ်။

ဆန္ဒပြသူတွေက သမ္မတဟောင်း ဆာလီဘာရီရှားကို ထောက်ခံသူတွေပါ။ 

သူ့ကို အဂတိလိုက်စားမှုနဲ့ စွပ်စွဲပြီး အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ထားလိုက်တဲ့နောက် သူ့ပါတီက မနှစ်က ထုတ်ပယ်ခဲ့ပါတယ်။ ဘာရီရှားက အဲဒီစွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။ ပြီးခဲ့တဲ့လက သူက ပါတီညီလာခံခေါ်ဖို့ တောင်းဆိုခဲ့ပြီး သူသာလျှင် ပါတီဥက္ကဋ္ဌလို့ ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့က ဆန္ဒပြသူတွေက ပါတီရုံးတံခါးတွေကို ပုဆိန်နဲ့ ရိုက်ဖွင့်၊ ဒုတိယထပ်ထိတက်ပြီး ဖျက်ဆီးခဲ့တာပါ။ 

ရဲတွေရဲ့ ကြေညာချက်မှာတော့ ပါတီရှိ လွှတ်တော်ကိုယ်စားလှယ်တွေက အကူအညီတောင်းခဲ့ တာကြောင့် သွားရောက် တားဆီးခဲ့တာပါလို့ ဆိုပါတယ်။

အယ်လ်ဘေးနီးယားရှိ ဥရောပသမဂ္ဂက နိုင်ငံရေးကို အကြမ်းဖက်မဖြေရှင်းဖို့ ကြေညာချက်ထုတ်ခဲ့ပြီး အမေရိကန်သံအမတ် ယူရီကင်မ် ကလည်း ဒီမိုကရက်ပါတီအတွင်း အချင်းချင်း အာဏာလုပွဲကို ဝါရှင်တန်အနေနဲ့ အလွန်အမင်း စိုးရိမ်မိကြောင်း တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up