close

နန်းမယ်ခုံမြို့တွင် နေအိမ်ပေါ်လက်နက်ကြီးကျပြီး ကရင်နီ အရပ်သား ၂ ဦး သေဆုံး

ကယား(ကရင်နီ)ပြည်နယ်၊ နန်းမယ်ခုံမြို့မှာ ဇန်နဝါရီ ၉ ရက် ည ၉ နာရီ ဝန်းကျင်လောက်ကစပြီး လူနေအိမ်ရပ်ကွက်တွေထဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ပြည်သူ  ၂ ယောက်  နှလုံးရပ်သေဆုံးသွားပါတယ်။ 

၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ဒဏ်ကြောင့် အသက် ၅၀ အရွယ် ပြည်သူ နှစ်ဦးနှလုံးရပ် သေဆုံးခဲ့ရတာဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသမီးရဲ့ ဈာပနကိုတော့ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီမောဆိုးမြို့နယ်အနီးတဝိုက်နားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်တွေ တိုက်ပွဲဖြစ်ပွားနေပေမဲ့ အခု လက်နက်ကြီးကျည်ကျတဲ့နေရာမှာတော့ ဘာတိုက်ပွဲမှမရှိဘဲ အရပ်သားတွေကို ဦးတည် ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။ 

လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတဲ့ နန်းမယ်ခုံမြို့က ကျေးရွာဒေသခံတချို့ကတော့ ကြောက်ရွံ့စိုးရိမ်ပြီး ဒီမနက်အစောပိုင်းက ဘေးလွတ်ရာကို ရှောင်တိမ်းနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up