close

နယ်သာလန် အစိုးရသစ် တော်ဝင်နန်းတော်၌ ကျမ်းကျိန်

နယ်သာလန်မှာ နောက်ဆုံးရွေးကောက်ပွဲအပြီး ၁၀ လအကြာ ဇန်နဝါရီ ၁၀ ရက်နေ့က ဝန်ကြီးချုပ် မာခ့်ရုတီရဲ့ အစိုးရအဖွဲ့ဟာ ဒတ်ချ်ဘုရင်မင်းမြတ် ဝီလျံအလက်ဇန်းဒြားရဲ့ သည်ဟိတ်မြို့ တော်ဝင်နန်းတော်မှာ ကျမ်းကျိန်ခဲ့ပါတယ်။ 

မာ့ခ်ရုတီဟာ ဝန်ကြီးချုပ်တာဝန်ကို လေးကြိမ်ဆက်တိုက် ထမ်းဆောင်တာလည်း ဖြစ်ပါတယ်။

အခုအစိုးရအဖွဲ့ဟာ ၂၀၁၇ ခုနှစ်ကတည်းက ပါတီလေးခု ညွန့်ပေါင်းဖွဲ့ထားတဲ့ အစိုးရအဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၁၇ ရက် ရွေးကောက်ပွဲပြီးကတည်းက ပါတီတွေကြား အစိုးရဖွဲ့နိုင်ရေး သဘောတူညီမှုရရှိဖို့ ရက်ပေါင်း ၃၀၀ နီးပါး အချိန်ယူခဲ့ရပါတယ်။

အခုရက်ပိုင်း နယ်သာလန်မှာ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်မားနေချိန်မှာ အစိုးရသစ် ဖွဲ့နိုင်ခဲ့တာပါ။

ဒီဇင်ဘာလလယ်ကတည်းက လော့ခ်ဒေါင်းတွေ ကျယ်ကျယ်ပြန်ပြန့် ချထားတာကြောင့် ကန့်ကွတ်ဆန္ဒပြမှုတွေ နေ့တိုင်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up