ဘရာဇီးတွင် မိုးကြီးပြီး ဆည်ကျိုးမည့်အရေး တပ်လှန့်သတိပေး

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း မီးနပ်စ်ယဲရိုင်းပြည်နယ် ပါရာဒေမီးနပ်စ်ဒေသမှာ မိုးအကြီးအကျယ် ရွာအပြီး ဆည်ကျိုးမယ့်အရေးကြောင့် ဒေသခံ မြို့တော်ဝန်က ဆည်နားမှာနေတဲ့ ဒေသခံတွေကို တပ်လှန့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ရိုက်တာက ဇန်နဝါရီ ၁၁ ရက်နေ့ ဒရုန်းယာဉ်နဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်သံမှာတော့ ကာရီယိုကာဆည်ကနေ ရေတွေလျှံနေတာနဲ့ မိုးကြောင့် ပြည်နယ်အတွင်း ချောက်တွေမှာ ကျောက်တုံးတွေ ပြိုကျနေတာ တွေ့ရပါတယ်။
ဒီသီတင်းပတ်အတွင်း မိုးဆက်သည်းမယ်လို့ မျှော်လင့်ထားလို့ ဒေသခံတွေက အဆိုးဆုံးတွေ လာဦးမှာကို စိုးရိမ်နေတာပါ။
ဇန်နဝါရီ ၈ ရက်ကလည်း ရေတံခွန်ဆီ လာလည်တဲ့ လှေတွေပေါ် ကျောက်တုံးပြုတ်ကျလို့ လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။