နိုင်ငံတကာ အပြေးပြိုင်ပွဲတွင် အာဖရိကန် အားကစားသမားများ အစောဆုံးပန်းဝင်

ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့နှစ်သစ်ကူး အကြိုကျင်းပတဲ့ နိုင်ငံတကာ အပြေးပြိုင်ပွဲမှာ အာဖရိကန် အားကစားသမားတွေက အစောဆုံး ပန်းဝင်ခဲ့ကြပါတယ်။
ဆော်ပေါ်လိုမြို့မှာ ကျင်းပတဲ့ ၉၆ ကြိမ်မြောက် အပြေးပြိုင်ပွဲမှာ အီသီယိုးပီးယားနိုင်ငံက ဘီလေး ဘီဆာ့ဘ်က ၄၄ မိနစ်၊ ၅၄ စက္ကန့်နဲ့ အစောဆုံး ပန်းဝင်ခဲ့ပါတယ်။
သူ့နောက်မှာ အိမ်ရှင် ဘရာဇီးနိုင်ငံက အပြေးသမား ဒန်နီရယ် နက်စီမန်တိုက ၄၅ မိနစ် ၉ စက္ကန့်နဲ့ ဒုတိယ၊ ဘိုလီဗီးယားနိုင်ငံက ဟက်တာ ဖလော့က ၄၅ မိနစ် ၁၅ စက္ကန်နဲ့ တတိယနေရာကနေ ပန်းဝင်ပါတယ်။
အမျိုးသမီး အပြေးပြိုင်ပွဲမှာလည်း ကင်ညာနိုင်ငံက ဆန်ဒရာ ဖီးလစ် ချီးဘတ်က ပထမနဲ့ အီသီယိုးပီးယားနိုင်ငံက ယီနီနက် ဒီကီဆာက ဒုတိယ၊ ဘရာဇီးနိုင်ငံက ဂျနီဖာ ဒိုနက်စီမီယန်တိုက တတိယ အသီးသီး ပန်းဝင်ခဲ့ကြပါတယ်။
ဆော်ပေါ်လိုမြို့က ဆော်ဆေးဗက်စတာ လမ်းမပေါ်မှာ နှစ်စဉ်ကျင်းပတဲ့ နှစ်သစ်ကူး အပြေးပြိုင်ပွဲကို မနှစ်က ကိုဗစ်ကပ်ဘေးကြောင့် မကျင်းပဖြစ်ခဲ့ဘဲ ဒီနှစ်မှာ ပြန်လည်ကျင်းတာ ဖြစ်ပါတယ်။