နေတိုးမဟာမိတ်များ၏ စီမံချက်များနှင့်ပတ်သက်၍ ဆွေးနွေးရန်အသင့်ဟု ရုရှားပြော

ရုရှားဟာ အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်တွေနဲ့ တိုက်ခိုက်ရေး လက်နက်တွေ၊ သူတို့ရဲ့ တည်နေရာတွေနဲ့ စိစစ်အတည်ပြုရေး စီမံချက်တွေကိစ္စကို ဆွေးနွေးဖို့ အသင့်ပဲလို့ ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရူရှ်ကိုက ဇန်နဝါရီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
ဘောလုံးကတော့ နေတိုးအဖွဲ့ရဲ့ ကွင်းထဲမှာ ရှိနေတယ်လို့ နေတိုးအစည်းအဝေးအပြီးမှာ သူက ဘောလုံးလောကအထာနဲ့ ပြောလိုက်တာပါ။
ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ ရုရှား - နေတိုး ဆွေးနွေးပွဲမှာ နေတိုးက သူ့ရဲ့ အဆိုပြုချက်တွေကို တင်ပြ လိုက်မယ်ဆိုရင် နောက်ထပ် လာမယ့်အရာတွေက ပိုရှင်းလင်းလာလိမ့်မယ်လို့ ဂရုရှ်ကိုက ပြောပါတယ်။
နှစ်ဖက်စလုံးက တဖက်နဲ့ တဖက် အင်မတန် ပွင်ပွင့်လင်းလင်း ပြောခဲ့ကြလို့ ဆွေးနွေးရတာ ကောင်းခဲ့တယ်လို့လည်း သူက ပြောခဲ့ပါတယ်။