အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးလူနာ ၄၀ ရာခိုင်နှုန်း တိုးလာ

အမေရိကန်နိုင်ငံမှာ အရင်သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရလို့ ဆေးရုံတင်ရတဲ့ လူနာဦးရေ ၃၃ ရာခိုင်နှုန်း ပိုများလာပြီး ကူးစက်ခံ သေဆုံးသူ လူနာဦးရေက ၄၀ ရာခိုင်နှုန်း ပိုများလာတယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC ရဲ့ အကြီးအကဲက ဇန်နဝါရီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
လာမယ့်သီတင်းပတ်တွေအတွင်း အိုမီခရွန်ဗီဇမျိုးကွဲ ကူးစက်မှုကြောင့် ကူးစက်မှုလှိုင်းက အမြင့်ဆုံးအဆင့်ကို ရောက်လာမယ် မျှော်လင့်ထားတယ်လို့ စီဒီစီညွှန်မှူး ရိုရှဲ ဝါလန်စကီက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ကူးစက်ခံ ဦးရေနဲ့ ဆေးရုံတင်လူနာဦးရေ တိုးလာတာကြောင့် အမေရိကန်ပြည်သူတွေဟာ ခရီးသွားဖို့ အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ရပြီး ဖျော်ဖြေရေး ရိပ်သာတွေကို ပိတ်ပစ်ခဲ့ရတာပါ။
ကျောင်းသားတွေနဲ့ ဆရာတွေ ကျောင်းပြန်တက်ကြဖို့နဲ့ ဝန်ထမ်းတွေ ရုံးပြန်တက်ကြဖို့ အစီအစဉ်တွေလည်း ရုပ်သိမ်းခဲ့ရပါတယ်။