close

ရုရှားဦးဆောင်သည့် CSTO တပ်များ ကာဇက်စတန်မှ ထွက်ခွာ

ကာဇက်စတန်နိုင်ငံမှာ ဆူပူအုံကြွမှုတွေနဲ့ အဆိုးဆုံးအခြေအနေဖြစ်ပေါ်မှုကြောင့် ရုရှားဦးဆောင်တဲ့ CSTO တပ်တွေ ရက်သတ္တပတ်ကြာ ဝင်ရောက်တပ်ဖြန့်ချထားခဲ့ပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနေ့က အဲဒီတပ်တွေ အခမ်းအနားနဲ့ စတင် ရုပ်သိမ်းနေပြီ ဖြစ်ပါတယ်။

ဇန်နဝါရီလအစောပိုင်း ကာဇက်စတန်မှာ လောင်စာဆီဈေးမြင့်တက်မှုကြောင့် တနိုင်ငံလုံး ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့တာပါ။ ဆိုဗီယက်အောက်က လွတ်လပ်ရေးရပြီး နှစ် ၃၀ အတွင်း ပထမဆုံး မတည်မငြိမ် ဖြစ်ခဲ့တာပါ။

ကာဇက်စတန်ဟာ ရုရှား၊ အာမေးနီးယား၊ တာဂျစ်ကစ္စတန်၊ ကာဂျစ်စ္စတန်၊ ဥဇဘက်ကစ္စတန် ၅ နိုင်ငံနဲ့ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO)  ချုပ်ဆိုထားပြီး၊ ယာယီသမ္မတ တိုကာယက်ဗ်က ရုရှားဦးဆောင်တဲ့ တပ်တွေကို အကူအညီတောင်းခံခဲ့ပါတယ်။ 

အဲဒီတပ်တွေ ဝင်ရောက်လာပြီးနောက် ဆန္ဒပြသူ ၁၀၀၀၀ လောက်ကို အစိုးရက ဖမ်းဆီးခဲ့ပါတယ်။

ရုရှားဘက်ကတော့ တပ်အားလုံးကို ဇန်နဝါရီ ၁၉ ရက်နေ့ အပြီးရုတ်သိမ်းမယ်လို့ ပြောပါတယ်။ တပ်အင်အား ဘယ်လောက်ချထားပြီး ဘယ်လောက်ပြန်ရုပ်မယ်ဆိုတာ အတိအကျ ဖော်ပြခြင်း မရှိပါ။

ရုရှားဦးဆောင်တဲ့တပ်တွေ ကာဇက်စတန်ထဲ ဝင်ရောက်မှုကို အနောက်အုပ်စုက အပြင်းအထန် ဝေဖန်ခဲ့တာပါ။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလစ်ကင်က‌ သမိုင်းသင်ခန်းစာအရ ရုရှားဟာ အခြားနိုင်ငံထဲ ဝင်ပြီးရင် ပြန်ထွက်ခဲတယ်လို့ ပြောခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up