အိန္ဒိယတွင် ကိုဗစ်ကူးစက်မှုမြင့်တက်လာသော်လည်း ဂင်္ဂါမြစ်ကမ်းတွင် ရေချိုးပွဲဆင်နွှဲ

ပြီးခဲ့တဲ့ တလတာကာလအတွင်း အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆ ၃၀ ကျော် မြင့်တက်လာခဲ့ပေမဲ့ ဇန်နဝါရီ ၁၄ ရက်မှာတော့ ဂင်္ဂါမြစ်ကမ်းတွေပေါ်မှာ ဟိန္ဒူဘာသာဝင်များစွာ ဟာ ရိုးရာအစဉ်အလာအတိုင်း သန့်ရှင်းသောမြစ်ရေနဲ့ ရေချိုးပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။
ဘုရားဖူးတွေဟာ ဥတာပရာဒက်ရှ်ပြည်နယ် မြောက်ပိုင်းက မြစ်ကမ်းပါးတွေမှာ စုပြုံနေပြီး နှာခေါင်းစည်း ဝတ်ထားသူလည်း အလွန်နည်းပါတယ်။
သူတို့က အရှေ့ဘန်ဂေါပြည်နယ်ကို ဖြတ်စီးဆင်းလာတဲ့ ရေထဲမှာ ခေါင်းနှစ် ရေချိုးကြတာပါ။ အဲဒီပြည်နယ်ဟာ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးပြည်နယ်ပါ။
ကူးစက်မြန်တဲ့ အိုမီခရွန်ကြောင့် အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ပျံနှံ့မှု လတ်တလော မြင့်မားနေပြီး သောကြာနေ့ တရက်အတွင်း လူ ၂၆၄,၂၀၂ ဦး ကူးစက်ခဲ့ပါတယ်။ စုစုပေါင်း ကူးစက်ခံရသူ ၃၆ ဒသမ ၅၈ သန်း ရှိပါပြီ။
ဆရာဝန်တွေက ရေချိုးပွဲတော်ဟာ ဗိုင်းရပ်စ် စူပါဖြန့်ချိမှု ဖြစ်လာနိုင်တာကြောင့် ယခုနှစ် ရေချိုးပွဲတော် မကျင်းပဖို့ အနောက်ဘန်ဂေါပြည်နယ် တရားရုံးကို တောင်းဆိုခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။