တူနီးရှားတွင် အာရပ်နွေဦး နှစ်ပတ်လည်နေ့ဆန္ဒပြသူများကို ရဲများ ဖြိုခွင်း

တူနီရှားနိုင်ငံ တူးနစ်မြို့မှာ ဇန်နဝါရီ ၁၄ ရက်နေ့က အစိုးရရဲ့ ကိုဗစ်-၁၉ ကန့်သတ်မှုတွေကို ဆန့်ကျင်ပြီး အာရပ်နွေဦး နှစ်ပတ်လည်နေ့ ဆန္ဒပြတဲ့ ရာချီတဲ့လူအုပ်ကို ရဲတွေက မီးသတ်ပိုက်အသုံးပြု ဖြိုခွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေက ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေး စတင်ခဲ့တဲ့ မြို့လယ်လမ်းမနေရာမှာ စုဝေးခဲ့ပြီး ထူထဲစွာချထားတဲ့ ရဲတပ်ဖွဲ့ အများအပြားက ဟန့်တားခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ အတိုက်အခံပါတီတွေလည်း ပါဝင်ပြီး သမ္မတေကိုင် ဆေးဒ် ကို ဆန့်ကျင်ခဲ့တာပါ။
သမ္မတက သူ့အာဏာကို အသုံးပြုပြီး အခြေခံဥဒေကိုပြင်ဆင်ခွင့်မပေးဘဲ လွှတ်တော်ကို ရပ်ဆိုင်းထားတာကြောင့် သူ့ကို အာဏာသိမ်းထားတယ်လို့ စွပ်စွဲနေကြတာပါ။
တူနီရှား အစ္စလာမ္မစ် အန်နာဒါပါတီရဲ့ ဥက္ကဋ္ဌ အိုင်မက်ဒ်ခါနီရီက “ဒီနေ့ ဇန်နဝါရီ ၁၄ ရက်ဟာ တူနီရှား တော်လှန်ရေးနှစ်ပတ်လည်နေ့ဖြစ်ပြီး တူနီရှားလူထုဟာ ကြောက်မက်ဖွယ်အာဏာရှင် စနစ်ဆိုးကို အခုထိ တော်လှန်နေရတုန်းပါ” လို့ ပြောပါတယ်။
ဆန္ဒပြနေရာရဲ့ ဘေးပတ်ပတ်လည်မှာ ရဲကားတွေ နေရာယူထားပြီး ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အအုံ အပြင်ဘက်မှာ မီးသတ်ပိုက်ကြီးနှစ်လုံး အသင့်ချထားပါတယ်။