close

ဧရာဝတီတိုင်းတွင် နွေစပါးအတွက် ဓာတ်မြေဩဇာ လုံလောက်အောင်ရောင်းမပေး

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းက တောင်သူလယ်သမားတွေကို နွေစပါး စိုက်ပျိုးဖို့အတွက် ၁၀ ဧကကို ဓာတ်မြေဩဇာ ၂ အိတ်နှုန်းနဲ့ စစ်ကောင်စီက ရောင်းချပေးနေတယ်လို့ သိရပါတယ်။ 

တောင်သူလယ်သမားတွေအနေနဲ့ နွေစပါးအတွက် စိုက်ပျိုးလယ် ၁၀ ဧကကို ဓာတ်မြေဩဇာ ၂ အိတ်နှုန်း ရရှိဖို့အတွက် ငွေ ကျပ် ၃၅၀၀၀ ကြိုသွင်းရသလို ၁၀ ဧကထက်ကျော်တဲ့ တောင်သူတွေကိုလည်း ၂ အိတ်နှုန်းသာ ရောင်းချပေးတယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။ 

ငပုတောဒေသခံလယ်သမားတဦးက “အဲဒီနှစ်အိတ်ရဖို့ကို မြို့နယ်ရုံးမှာ ပိုက်ဆံအရင်သွင်းရတဲ့ မသွင်းတဲ့သူကတော့ မရဘူးပေါ့။ ရသလောက်လေးကို လုယူနေရတာ အပြင်မှာက ၃ ဆလောက် ဈေးကြီးတာကို လောက်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ခေတ်ဆိုတော့ ဘာမှပြောခွင့်မရဘူးလေ”လို့ ပြောပါတယ်။

စစ်ကောင်စီက ထုတ်ပေးတဲ့ ပုလဲဓါတ်မြေဩဇာ ၁ အိတ်ကို ၃၅၀၀၀ နှုန်းနဲ့ ဝယ်ယူရပြီး မလောက်ငလို့ အပြင်က ပြန်လည်ဝယ်ယူရတဲ့အခါ ၁ အိတ်ကို ကျပ် ၉ သောင်းနှုန်းထိ ပေါက်ဈေးရှိနေတာကြောင့် လောက်ငအောင် ဝယ်မသုံးနိုင်တဲ့ လယ်သမားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

ဧရာဝတီတိုင်းက လယ်သမားတွေအနေနဲ့ စစ်ကောင်စီက ထုတ်ပေးတဲ့ ဓာတ်မြေဩဇာနဲ့ မလောက်ငသလို ဝယ်သုံးဖို့လည်း မတတ်နိုင်တာကြောင့် ထွက်နှုန်းကောင်းအောင်လုပ်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up