close

အီရန်က အီရတ်ကိုအနိုင်ယူပြီး အစောဆုံးခြေစစ်ပွဲအောင်မြင်သည့် အာရှအသင်းဖြစ်လာ

မနေ့ကယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အာရှဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အီရန်က အီရတ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အစောဆုံး ခြေစစ်ပွဲအောင်မြင်တဲ့ အာရှအသင်းဖြစ်ခဲ့ပါတယ်။ 

အာရှဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ၆ သင်းပါဝင်တဲ့ အုပ်စု ၂ ခုခွဲကာ ယှဉ်ပြိုင်ကစားနေကြတာပါ။ 

အီရန်အသင်းက အုပ်စု A မှာ ၇ ပွဲကစား ၆ ပွဲနိုင် ၁ ပွဲသရေကျခဲ့ပြီး ဒုတိယနေရာက တောင်ကိုရီးယားထက် ၂ မှတ်အသာနဲ့ အုပ်စု ပထမ နေရာကနေ ရပ်တည်နေတာပါ။ 

ရမှတ် ၁၉ မှတ်ရရှိထားတဲ့ အီရန်ဟာ လက်ကျန် ၃ ပွဲအလိုမှာ တတိယနေရာက ယူအေအီးအသင်းကို ၁ဝ မှတ်ဖြတ်လိုက်တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ သေချာသွားခဲ့တာပါ။ 

အုပ်စု B မှာတော့ ဆော်ဒီ၊ ဂျပန်နဲ့ သြစတြေးလျတို့အပြိုင် ဖြစ်နေပြီး အုပ်စုပထမနဲ့ ဒုတိယ ၂ သင်းက တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာပါ။ 

အီရန်အသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ၃ ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ 

အီရန်အသင်းမှာ ဥရောပလိဂ်တွေမှာကစားနေတဲ့ ကစားသမား ၁၇ ဦးအထိ ပါဝင်နေပြီး ကမ္ဘာ့အဆင့် ၂၁ မှာ ရပ်တည်နေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up