close

အီရန်၊ တရုတ်နှင့် ရုရှား သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်

အီရန်၊ တရုတ်နဲ့ ရုရှာတို့ဟာ တတိယမြောက် ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်ပွဲကို အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းမှာ ဇန်နဝါရီ ၂၁ ရက်က လေ့ကျင့်ခဲ့တယ်လို့ အစိုးရ ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။

အီရန်စစ်တပ်နဲ့ တော်လှန်ရေး အစောင့်တပ်တို့က ရေတပ်တွေဟာ ၂၀၂၂ ပင်လယ်လုံခြုံရေး ခါးပတ်လမ်းလို့ နာမည်ပေးထားတဲ့ စစ်​ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တယ်လို့ စစ်ရေး လေ့ကျင့်မှုအတွက် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် မိုစတာဖါ တာဂျိုဒီနီက အစိုးရ ရုပ်သံကို ပြောပါတယ်။

လေ့ကျင့်မှုထဲမှာ မီးလောင်သင်္ဘောကို ကယ်ဆယ်ရေး၊ အပိုင်စီးခံ သင်္ဘောကို လွတ်မြောက်အောင် လုပ်ဆောင်ရေးနဲ့ ညဘက်လေထဲက ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်ရေး အပါအဝင် နည်းဗျူဟာမြောက် လေ့ကျင့်ခန်း အမျိုးမျိုး ပါပါတယ်။

သုံးနိုင်ငံ ပူးတွဲ ရေတပ်လေ့ကျင့်ရေးကို ၂၀၁၉ မှာ အိန္ဒိယ သမုဒ္ဒရာနဲ့ အိုမန်ပင်လယ်ထဲမှာ စတင် လေ့ကျင့်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အာဏာရလာတဲ့ အီရန်အမာခံ သမ္မတ အီဘရာဟင်မ် ရိုင်စီဟာ တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေး နက်ရှိုင်းစေဖို့ အရှေ့ကိုကြည့်ရေး မူဝါဒကို ချမှတ်အကောင်အထည် ဖော်ခဲ့တာပါ။

အီရန်ဟာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထဲကို စက်တင်ဘာလက ဝင်ရောက်ပူးပေါင်းခဲ့ပြီး ဒီအဖွဲ့ဟာ တရုတ်နဲ့ ရုရှား ဦးဆောင်တဲ့ အလယ်အာရှ လုံခြုံရေး အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ 

အီရန် နိုင်ငံခြားရေး ဝန်ကြီးဟာလည်း တရုတ်နိုင်ငံကို အရင်အပတ်က လာရောက်လည်ပတ်ခဲ့ပြီး အီရန်သမ္မတကတော့ ရုရှားသမ္မတကို မြို့တော် မော်စကိုမှာ ဇန်နဝါရီ ၂၀ ရက်က တွေ့ဆုံခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up