close

လက်စတာတိုက်စစ်မှူးဗာဒီ၏ ကစားပုံကို ကြည့်ရူလေ့လာခဲ့ကြောင်း ဟာလန်းပြော

လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီရဲ့ ကစားပုံကိုကြည့်ပြီး လေ့လာသင်ယူမှုတွေ လုပ်ခဲ့ဖူးတယ်လို့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက ပြောပါတယ်။ 

ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက ၄၁ ပွဲမှာ ၄၁ ဂိုးသွင်းခဲ့သလို အခုနှစ်ရာသီမှာလည်း  ပွဲ ၂ဝ ကစားအပြီးမှာ ၂၃ ဂိုးသွင်းယူထားပါတယ်။ 

အားလပ်ချိန်တွေမှာ ဗာဒီအပါအဝင် ကစားသမားအများစုရဲ့ ကစားပုံတွေကို ကြည့်ရူလေ့လာခဲ့ဖူးတယ်လို့ ဟာလန်းက စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာပြောပါတယ်။ 

“ဥပမာပြောရရင် နံပါတ် ၁ဝ ကစားသမားဆီမှာ ဘောလုံးရရှိချိန် ပြိုင်ဘက်နောက်ခံလူတွေရဲ့နောက်မှာ ပြေးလွှားနေရာယူရတာမျိုးမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးက ဂျေမီဗာဒီလို့ ပြောလို့ရတယ်။ ကျနော်ဟာ သူ့ရဲ‌ေကစားပုံတွေကို အများကြီး ကြည့်ရူခဲ့တယ်” လို့ ဟာလန်းကပြောပါတယ်။ 

သူဟာ စနေနေ့ ဘောလုံးကစားပြီးပါက တနင်္ဂနွေနေ့မှာ ဘောလုံးပွဲစဉ်တွေကို တစ်နေကုန်လိုက်ကြည့်ပြီး သင်ယူလေ့လာမှုတွေ ပြုလုပ်တယ်လို့လည်း ဟာလန်က ဆိုပါတယ်။ 

လက်ရှိအချိန်မှာ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်နဲ့ လက်စတာ တိုက်စစ်မှူး ဗာဒီဟာ အခုနှစ်ရာသီမှာလည်း ခြေစွမ်းပြနေပြီး လိဂ် ၁၆ ပွဲမှာ ၉ ဂိုး သွင်းယူထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up