တိုက်စစ်မှူး ဟာလန်း၏ အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဟု ဒေါ့မွန်အတည်ပြု

တိုက်စစ်မှူးဟာလန်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး လာမယ့်တစ်ပတ်အတွင်းမှာ ဆွေးနွေးဆုံးဖြတ် သွားမယ်လို့ ဒေါ့မွန်အသင်းက အတည်ပြုသွားပါတယ်။
ဟာလန်းဟာ အခုနှစ်ရာသီအကုန်မှာ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် လျော်ကြေးပေါင် ၆၄ သန်းပေးမှ ထွက်ခွာခွင့်ရရှိမှာပါ။
ဒေါ့မွန်အတွက် စုစုပေါင်း ၇၄ ပွဲမှာ ၇၆ ဂိုးသွင်းထားတဲ့ စွမ်းဆောင်ရည်ကြောင့် ထိပ်တန်အသင်းတွေက စာချုပ်ပါလျော်ကြေးအတိုင်း ပေးချေပြီး ခေါ်ယူဖို့ အဆင်သင့်ရှိနေပါတယ်။
“အခြေအနေက ရာသီကုန်လို့ စာချုပ်သက်တမ်းကုန်ဆုံးသွားရင် သူထွက်ခွာနိုင်တာကတော့ ရှင်းပါတယ်။ လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သူနဲ့စားပွဲဝိုင်းမှာထိုင်ပြီး သေချာ ဆွေးနွေးသွားမှာပါ” လို့ ဒေါ့မွန်အသင်းရဲ့ ဘောလုံးအကြီးအကဲဖြစ်သူ ဆက်ဘက်စ်တီယန်ခါးလ်က ပြောပါတယ်။
ဟာလန်းကိုခေါ်ယူဖို့ မန်စီးတီးက ရေပန်းအစားဆုံးဖြစ်နေပြီး ဖာရန်တောရက်စ်ကို ရောင်းချခဲ့တဲ့ ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းသွားဖို့ အဆင့်ရှိနေတယ်လို့ဆိုပါတယ်။ အလားတူ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တေးကလည်း ဟာလန်းကိုခေါ်ယူမယ်လို့ ပြောခဲ့ဖူးပါတယ်။