ဒေါ့မွန်တိုက်စစ်မှူးဟာလန်း၏ အေးဂျင့်နှင့် ဘာစီလိုနာဥက္ကဋ္ဌတို့ တွေ့ဆုံ

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ မီနိုရိုအိုလာနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
လာပေါ်တာဟာ ပက်ဒရီ ရရှိတဲ့ လူငယ်ရွှေဘောလုံးဆုနဲ့ ပတ်သက်ပြီး အီတလီနိုင်ငံ တိုရွန်တိုကို ရောက်ရှိလာချိန်မှာ ဟာလန်းရဲ့အေးဂျင့်ဖြစ်သူ မီနိုရိုင်အိုလာနဲ့ ဟိုတယ်တစ်ခုမှာတွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့ကိစ္စအတွက် ဖြစ်နိုင်တယ်လို့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်နေပါတယ်။
ဟာလန်းဟာ လာမယ့်နွေရာသီမှာ နောက်တဆင့်သွားဖို့ အသင်းပြောင်းရွှေ့နိုင်တယ်လို့ အေးဂျင့်ရိုင်အိုလာက ပြောထားတာပါ။
အသက် ၂၁ နှစ်ရှိ ဟာလန်းကို စာချုပ်ဖျက်သိမ်းကြေးပေါင် ၆၄ သန်းနဲ့ ခေါ်ယူနိုင်ပြီး ဘာစီလိုနာအသင်းအနေနဲ့ အဂွဲရိုးရဲ့နေရာကို ဟာလန်းကို ခေါ်ယူပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဘာစီလိုနာအသင်းဟာ မန်ယူကွင်းလယ်လူ ပေါ့ဘာကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။