close

စစ်ကောင်စီတပ်က လယ်ဇင်ရွာသား ၂ ဦးကို ပစ်သတ်ပြီး ၆ ဦးကို ဖမ်းဆီး

မုံရွာမြို့နယ် လယ်ဇင်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဒုတိယအကြိမ်ထပ်မံဝင်ရောက်ပြီး ဒေသခံရွာသား ၂ ဦးကို သတ်ဖြတ်ကာ ၆ ဦးကို ဖမ်ဆီးသွားတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

“ပထမက စစ်ကောင်စီတွေက တောလမ်းအတိုင်း ဝင်လာတယ်။ အဲလိုဝင်လာပြီးသိပ်မကြာဘူး၊ ပေါက်ကွဲသံတခု ကြားလိုက်ရတယ်ဗျ။ အဲဒီနောက် လက်နတ်ငယ်ပစ်ခတ်သံတွေ ထပ်ကြားရတယ်။ ဘာတွေပစ်တယ်တော့မသိဘူး။ စစ်ကောင်စီကတော့ဗျာ သူတိုမသင်္ကာတဲ့ သူတွေဆိုရင် အကုန်ပစ်သတ်နေကျပဲ။ အခုလည်း ကျနော်တို့ ရွာသား ၂ ဦး ‌သေနတ်နဲ့ ပစ်ခတ်တာ ခံလိုက်ရတယ်။ နောက်ထပ် ၆ ဦးကိုလည်း ဖမ်းသွားတယ်” လို့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။

ဒေသတွင်း စစ်ကောင်စီသတင်းစာမျက်နှာမှာတော့ လယ်ဇင်ရွာက PDF စခန်းကို ဝင်ရောက်စီးနင်း ဖမ်းဆီးတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

PDF တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ ဒေသခံရွာသားတွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်နေတာကြောင့် ဇန်နဝါရီ ၂၈ ရက်နေ့အထိ လယ်ဇင်ကျေးရွာ၊ အောင်သာရွာ၊ သက္ကယ်ချင်းရွာက ‌ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up