close

မုံရွာမြို့တွင် Mytel တာဝါတိုင်အပါအဝင် ၁၅ နေရာထက်မနည်း ဗုံးပေါက်ကွဲ

မုံရွာမြို့တွင် ယခင်က ဖျက်ဆီးခံခဲ့ရသည့် Mytel တာဝါတိုင်အား တွေ့ရစဉ်

မုံရွာမြို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ တရက်တည်းမှာပဲ ဗိုလ်တေဇလမ်းမှာရှိတဲ့ Mytel တာဝါတိုင်အပါအဝင် မြို့တွင်းက နေရာ ၁၅ နေရာထက်မနည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Mytel တာဝါတိုင်ကတော့ ဗုံးပေါက်မှုကြောင့် စက်များထိခိုက်သွားတယ်လို့ မုံရွာမြို့ပြ ပြောက်ကြားပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“စစ်အာဏာရှင်မိသားစုပိုင် Mytel တာဝါတိုင်ကို ဗုံး ၃ လုံးနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ တာဝါတိုင်ကတော့ မပြိုဘူးဗျ၊ စက်တွေတော်တော်များတော့ ထိခိုက်သွားတယ်” လို့ မြို့ပြပြောက်ကြားတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါပြင် မုံရွာမြို့ ဗိုလ်ချုပ်လမ်းက ကမ္ဘောဇဘဏ်ကိုလည်း ဗုံး ၂ လုံးနဲ့ သတိပေးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကံမ္ဘောဇဘဏ်ကို တိုက်ခိုက်ရတာက တော်လှန်ရေးအတွက် ပြည်သူတွေက ချွေးနည်းစာနဲ့ လှူတန်းရာမှာ KPay အကောင့်တွေ ပိတ်ပစ်တာ။ နိုင်ငံအနှံ့ပြားမှာလည်း တော်လှန်ရေးရဲဘော်တွေရဲ့ Kpay အကောင့်တွေ အပိတ်ခံရတာတွေရှိတယ်။ တိုက်ခိုက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အဲဒီလိုပိတ်ပင်မှုတွေကို ရပ်တန်းကရပ်ဖို့နဲ့ ပိတ်ထားတာတွေကိုလည်း ချက်ချင်းပြန်ဖွင့်ပေးဖို့ရာ သတိပေးတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်" လို့ Monywa Nightking ပြောက်ကြားအဖွဲ့ ဦးဆောင်သူက ပြောပါတယ်။

အဲဒီနေ့က တရက်တည်းမှာပဲ မုံရွာမြို့နယ်မြေ ရဲစခန်းအနီး ဝန်းကျင်အပါဝင် တခြားနေရာစုစုပေါင်း ၁၅ နေရာထက်မနည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ မုံရွာမြို့ပြ‌ပြောက်ကြားတပ်ဖွဲ့များဖြစ်တဲ့ Monywa Nightking ၊ Monywa Phoenix ၊ Monywa Ninja ၊ ACF Monywa တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up