close

စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကြောင့် မြန်မာတွင် အလုပ်အကိုင် ၁ သန်းခွဲကျော် ဆုံးရှုံး

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(အိုင်အယ်လ်အို)ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် တနှစ်တာအတွင်း အလုပ်အကိုင်ပေါင်း ၁ ဒသမ ၆ သန်းလောက်ထိ ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါရိုက်ခတ်မှုအပြင် စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့အလုပ်သမားဈေးကွက်ကို ပိုမိုပြီးတော့ ချိနဲ့စေခဲ့ပြီး အမျိုးသမီးအလုပ်သမားတွေအပေါ် အပြင်းထန်ဆုံး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်အာဏာသိမ်းခဲ့တဲ့ ကာလ ၁ နှစ်ကြာခဲ့ချိန် ထိတိုင်အောင် အလုပ်သမားဈေးကွက်ဟာ ထိရှပြိုလဲလွယ်တဲ့ အခြေအနေမှာရှိနေတယ်လို့ အိုင်အယ်လ်အိုက ပြောပါတယ်။

အိုင်အယ်လ်အိုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒွန်ဂလင်းလီက “စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် မြန်မာနိုင်ငံမှာ သန်းနဲ့ချီတဲ့ အလုပ်သမားတွေအနေနဲ့ ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အလုပ်သမားဈေးကွက်မှာ ပြီးခဲ့တဲ့ နှစ်အတန်ကြာ ပြောင်းပြန်လှန်တိုးတက်မှုတွေ ရှိလာခဲ့တာကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် နိုင်ငံတဝန်း ဆင်းရဲမွဲတေမှုနဲ့ မလုံခြုံမှုတွေ ပိုပြီးတော့ တိုးလာနိုင်တယ်”လို့ ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ မလုံခြုံမှုတွေကြောင့် ကျေး လက်တောင်သူလယ်သမားတွေ အပြင်းအထန်ထိခိုက်ခဲ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်း၊  အထည်ချုပ်လုပ်ငန်းနဲ့ ခရီးသွားကဏ္ဍတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာ ပါဝင်ခဲ့ပြီး တနှစ်ထက်တနှစ် အလုပ်အကိုင်ဆုံးရှုံးမှုနေနဲ့ ခန့်မှန်းခြေ ၃၁ ရာခိုင်နှုန်း၊ ၂၇ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းအထိ အသီးသီးရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်ချိန်နဲ့ အလုပ်အကိုင် ၂ ခုစလုံးမှာ ဆုံးရှုံးမှုဟာ အမျိုးသားတွေထက် အမျိုး သမီးတွေမှာ ပိုပြီးတော့ ထိခိုက်ခဲ့ပြီး အမျိုးသမီးတွေအနေနဲ့ အထည်ချုပ်လုပ်ငန်းတွေအပြင် ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အများစုဖြစ်တာကြောင့် အ လုပ်အကိုင်ဆုံးရှုံးမှု ပိုပြီးတော့ များပြားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up