close

ထူးခြားသည့် ကြယ်တလုံး သိပ္ပံပညာရှင်များ တွေ့ရှိ

အရင်မြင်ဖူးသမျှ မကြုံစဖူး သိပ်သည်းနေပုံရတဲ့ ကြယ်တပွင့်ကို သိပ္ပံပညာရှင်တွေက ​တွေ့ရှိခဲ့ပါတယ်။

ဒီကြယ်ဟာ ထူးခြားဆန်းပြားတဲ့ နက္ခတ္တဗေဒဆိုင်ရာ အရာဝတ္ထုတမျိုး ဖြစ်နိုင်တယ်လို့ သံသယ ရှိတဲ့အကြောင်း ဓာတ်ရောင်ခြည်ဆိုင်ရာ နက္ခတ္တဗေဒပညာရှင် တယောက်က ဇန်နဝါရီ  ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

အဝေးကြည့်မှန်ပြောင်းကို သုံးပြီး တွေ့ခဲ့တဲ့ ဒီကြယ်ကို ၂၀၁၈ခုနှစ်က အချိန် ၂လအတွင်း ကမ္ဘာမြေပေါ်ကနေ လှမ်းကြည့်ချိန်မှာ တနာရီကို အကြမ်းဖျင်း ၃ ကြိမ်လောက်အထိ ကြီးမားတဲ့ စွမ်းအင်တွေ ပေါက်ကွဲ ထွက်နေတာ တွေ့ခဲ့ရတယ်လို့ သုတေသီတွေက ပြောပါတယ်။

မိနစ် ၂၀ တိုင်းမှာ အချိန်မှန် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ တခုခုကတော့ တကယ်ကို မျှော်လင့်မထားတဲ့ အရာပဲလို့ ဓာတ်ရောင်ခြည်ဆိုင်ရာ နက္ခတ္တဗေဒ ပညာရှင် နာတာရှာ ဟာလေ ဝေါ်ကာက ပြောပါတယ်။

သူဟာ ဩစတြေးလျ နိုင်ငံကာတင်တက္ကသိုလ် ဓာတ်ရောင်ခြည် နက္ခတ္တဗေဒသုတေသနဌာနက ဖြစ်ပြီး ဒီအပတ်ထဲမှာ သဘာဝပညာရပ်ဆိုင်ရာဂျာနယ်မှာ ပုံနှိပ်ထုတ်ပြန်တဲ့ သုတေသနစာတမ်း အတွက် ဦးဆောင် ရေးသားသူလည်း ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up