ယူကရိန်းကို ရုရှားကျူးကျော်ပါက ပြတ်ပြတ်သားသားတုံ့ပြန်မည်ဟု အမေရိကန်သမ္မတပြော

ဖေဖော်ဝါရီလထဲမှာ ယူကရိန်းနိုင်ငံထဲ ရုရှားရဲ့ကျူးကျော်မှု ဖြစ်လာနိုင်ချေရှိတာကြောင့် ကျူးကျော်ပါက အမေရိကန်ဘက်က ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ သမ္မတဘိုင်ဒင်က ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လင်းစကီးတို့ ဇန်နဝါရီ ၂၇ ရက်က ၁ နာရီ မိနစ် ၂၀ ကြာ ဖုန်းနဲ့ စကားပြောခဲ့ပြီးနောက် ဘိုင်ဒင်ကပြောဆိုလိုက်တာပါ။
သမ္မတဘိုင်ဒင်က “ယူကရိန်းရဲ့အချုပ်အခြာနဲ့ နယ်မြေပိုင်စိုးမှုကို ကျွန်တော်တို့ ပူးပေါင်းကွယ်ဖို့ ဆွေးနွေးပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်လာရင် ကျွန်တော်တို့ရဲ့မဟာမိတ်တွေနဲ့အတူ ပြတ်ပြတ် သားသား တုံ့ပြန်သွားမယ်” လို့ တွစ်တာမှာ ရေးထားပါတယ်။
ဖေဖော်ဝါရီလထဲမှာ ရုရှားက တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ဘိုင်ဒင်ရဲ့ လူသိရှင်ကြား သတိပေးစကားဟာ ယူကရိန်းသမ္မတရဲ့ အခုရက်ပိုင်း ပြောဆိုမှုနဲ့ ကွာခြားနေတယ်လို့ ဘီဘီစီ သတင်းဌာနက ထောက်ပြပါတယ်။
ဇယ်လင်စကီးက ယူကရိန်းနဲ့ ရုရှား နှစ်ဖက်သံတမန်တွေ တင်းမာမှုလျှော့ချဖို့ ဆွေးနွေးနေပြီး သဘောတူညီမှု ရနေပြီလို့ ပြောခဲ့ပါတယ်။
အိမ်ဖြူတော်က သတင်းထုတ်ပြန်ရာမှာတော့ ရုရှားရဲ့စစ်ရေးပြဿနာ ရှိနေပေမဲ့ အမေရိကန်က ယူကရိန်းရဲ့ စီးပွားရေးကို ပုံအောကူညီသွားမယ်လို့ ဘိုင်ဒင်က ဇယ်လင်စကီးကို ပြောခဲ့ကြောင်း ဖော်ပြပါတယ်။