close

အမေရိကန်တရားရုံးချုပ် တရားသူကြီးအဖြစ် လူမည်းအမျိုးသမီး ၁ ဦး ပထမဆုံး ဖြစ်ဖွယ်ရှိ

အမေရိကန်တရားရုံးချုပ် တရားသူကြီး အသက် ၈၃ နှစ်ရှိ လစ်ဘရယ်ဝါဒီ စတီဖင် ဘရိုင်ယာ အငြိမ်းစားယူမယ်လို့  အထက်လွှတ်တော်က အတည်ပြုပြောဆိုလိုက်တဲ့နောက် ပထမဆုံး လူမည်းအမျိုးသမီး တယောက်ကို  တရားရုံးချုပ် တရားသူကြီးအဖြစ် ရွေးချယ်ဖို့ အခွင့်အလမ်းရ ရှိသွားပါတယ်။ 

သမ္မတဘိုင်ဒင်က ပြီးခဲ့တဲ့ ရွေး‌ကောက်ပွဲမှာ လူမည်းအမျိုးသမီးတဦးကို တရားသူကြီးခန့်မယ်ဆိုပြီး မဲဆွယ်စည်းရုံးခဲ့တာပါ။ 

အငြိမ်းစားယူမယ့် ဘရိုင်ယန်ဟာ ၁၉၉၄ ခုနှစ်ကတည်း တရားရုံးချုပ် တရားသူကြီးတာဝန် ထမ်း‌ဆောင်ခဲ့တာပါ။ 

လက်ရှိ အမေရိကန်တရားရုံးချုပ်မှာ တရားသူကြီး ၉ ယောက် ပါဝင်ပြီး ၆ ယောက်က ကိုယ်ဝန်ဖျက်ချမှုနဲ့ သေနတ်ကိုင်ဆောင်မှုတို့အပေါ် သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ်တွေပါ။

ဘိုင်ဒင်ရှေ့က သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ လေးနှစ်သက်တမ်းအတွင်း ကွန်ဆာဗေးတစ် တရားသူကြီး ၃ ယောက် ခန့်ခွင့် ရခဲ့ပါတယ်။ 

အခု ဆီးနိတ်အထက်လွှတ်တော်မှာ ဒီမိုကရက်တွေ အနည်းငယ်အသာစီးရထားတဲ့အတွက် ဂျိုးဘိုင်ဒင် ခန့်ချင်တဲ့ ပထမဆုံး လူမည်းအမျိုးသမီးတရားသူကြီး အတည်ပြုနိုင်ဖို့ များနေပါတယ်။

ဘိုဒင် အမည်စာရင်းပေးမယ့် အာဖရိကန်-အမေရိကန် အမျိုးသမီးတရားသူကြီးတွေအနက် ထိပ်ဆုံး ရေပန်းစားနေသူက အသက် ၅၁ နှစ် ရှိ ကိုလံဘီယာခရိုင်တရားသူကြီး ကတ်တန်ဂျီဘရောင်းဂျက်ဆင်ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up