close

ဖယ်ခုံတွင် စစ်ကောင်စီကင်းစခန်းကို PK -PDFက တိုက်ခိုက်၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအနီး ထိုင်တော်မူဘုရားနားက စစ်ကောင်စီကင်းစခန်းကို  ဇန်နဝါရီ ၂၉ ရက် ဒီနေ့ မနက် ၆ နာရီလောက်က  ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်  PK -PDF  က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

တိုက်ခိုက်မှုအတွင်း ခမရ ၄၂၁ တပ်ရင်းမှ  DSA 49 ဆင်း ဗိုလ်ကြီးစိုးနိုင် အပါအဝင် စစ်ကောင်စီတပ်သား ၁၀ ယောက်ထက် မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် ၂ စင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်လို့  PK -PDF ဘက်က ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၉ နာရီခွဲလောက်မှာတော့ PK-PDF အနေနဲ့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ နေအိမ်တချို့ထိမှန်ပျက်စီး ခဲ့ရပါတယ်။

Photo- PK-PDF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up