နှင်းမုန်တိုင်းဝင်နေသဖြင့် အမေရိကန် ပြည်နယ်အများစု အရေးပေါ်အခြေအနေကြေညာ

အမေရိကန်အရှေ့မြောက်ဘက်မှာ ကြောက်မက်ဖွယ် ဆောင်းရာသီနှင်းမုန်တိုင်း ဝင်နေပြီး နှင်းတွေ ထူထပ်စွာ ကျဆင်းနေတာကြောင့် နယူးယော့ခ်၊ နယူးဂျာဆီ၊ မက်ဆာချူးဆက်နဲ့ အခြားပြည်နယ် တွေမှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
နှင်းမုန်တိုင်းဟာ ပြည်နယ် ၆ ခု ပါရှိတဲ့ နယူးအင်္ဂလန်ဒေသကို ဝင်ရောက်နေတာကြောင့် ပြည်နယ်တွေမှာ ဆီးနှင်းတွေ ဖုံးလွှမ်းနေပါတယ်။
နယူးဂျာဆီပြည်နယ်ရဲ့ ကမ်းရိုးတန်းမြို့တွေမှာ နှင်းထု ၃၈ စင်တီမီတာ၊ နယူးယော့်ခ်နဲ့ Long Island ကျွန်းတို့မှာ ၃၀ စင်တီမီတာ အမြင့်ရှိနေပြီး ဘောစတွန်မြို့ရဲ့ နှင်းထုဟာ ၇၀ စင်တီမီတာထိ ရှိနေတာပါ။
နှစ်ပေါင်း ၄၄ နှစ်အတွင်း အဆိုးရွားဆုံး နှင်းမုန်းတိုင်းဖြစ်ပြီး အေးခဲမှု၊ ဟိုက်ဝေးလမ်းတွေ ပိတ်ဆို့မှု၊ သွားလာရခက်ခဲမှုတွေကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ပါတယ်။