close

စစ်အာဏာသိမ်း ၁ နှစ်ပြည့် အမေရိကန်ရောက်မြန်မာများ ကန့်ကွက်ရှုတ်ချဆန္ဒပြ (ဓာတ်ပုံ)

မြန်မာပြည်စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မှာ   ဇန်နဝါရီ ၃၀ ရက်က  ပြုလုပ်ခဲ့ပြီး ကျဆုံးနွေဦးတော်လှန်ရေး သူရဲကောင်းတွေကိုလည်း ပန်းခွေချ ဂုဏ်ပြု အလေးပြုခဲ့ကြပါတယ်။

ဆန်ဖရန်စစ္စကိုမြို့မှာလည်း မြန်မာပြည်စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချတဲ့ ကားသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ 

မြောက်ပိုင်းကာလီဖိုးနီးယား မဟာမိတ်အင်အားစုတွေပူးပေါင်းပြီး မြန်မာ့‌နွေဦးတော်လှန်ရေးတနှစ်ပြည့်အထိမ်းအမှတ်  San Francisco Golden Gate Bridge ကို ဖြတ်သန်းပြီး Car Rally သပိတ် ပြုလုပ်ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မနက်ဖန် ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုရင် စစ်တပ်က အာဏာသိမ်းတာ ၁ နှစ်ပြည့်တော့မှာ ဖြစ်ပြီး မြန်မာပြည်တွင်းမှာ ပြည်သူလူထုတွေက အသံတိတ်သပိတ်နဲ့ ဆန္ဒပြဖို့ပြင်ဆင်နေသလို စစ်အုပ်စုကလည်း အသံတိတ်သပိတ်လှုပ်ရှားမှုမလုပ်ဖို့ တားမြစ် ခြိမ်းခြောက်မှုတွေလည်း တိုးလုပ်လာနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up