close

တနှစ်အတွင်း စစ်တပ်က ပြည်သူ ၁၅၀၀ ကျော်ကို သတ်ဖြတ်၊ ၁၁၈၀၀ ကျော်ကို ဖမ်းဆီး

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်အကြာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၀၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံ ရသူပေါင်း ၁၁၈၃၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၈၃၅ ယောက် လက်ရှိချုပ်နှောင်ခံထားရ ဆဲဖြစ်ပြီး အဲဒီထဲက ၆၆၁ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၂ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရေယိုကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုတပ်က သတ်ဖြတ်ခဲ့တဲ့ ဒေသခံ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီ ၂၇ ရက်က တွေ့ရှိခဲ့ရတယ်လို့ သိရှိရပါတယ်။ အဆိုပါ ဒေသခံ ၄ ယောက်ကတော့ အသက် ၁၇ နှစ်အရွယ် မောင်ယူဂျင်း၊ မောင်ဖီဒေးလယ်၊ မောင်ဒေးဗစ်ကျော်စိုး(ခ) ကျော်ကျော်နဲ့ အသက် ၁၆ နှစ်အရွယ် မောင်ဂျွန်ပေါလ်တို့ဖြစ်ကြပြီး သူတို့ဟာ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်နဲ့ နာနတ် တောရပ်ကွက်တွေက ဖြစ်ကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ အကြမ်းဖက်စစ်အုပ်စုတပ်က နယ်မြေရှင်း လင်းရေးဆိုပြီး ရွာတွေ၊ အိမ်တွေ၊ ရပ်ကွက်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းပြီး လိုက် လံမွှေနှောက်ကာ ဒေသခံတွေကို စစ်ဆေးမေးမြန်းကာ ဖမ်းဆီးသွားခဲ့ပြီး အဆိုပါလူငယ် ၄ ယောက်ကို ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up