close

မူဆယ်မြို့နယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဘိလပ်မြေတွဲကား ၁ စီး မီးရှို့ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ တာလုံရွာနဲ့ မော်တောင်းရွာကြား၊ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက ဘိလပ်မြေ တွဲကား ၁ စီး မီးရှို့ခံခဲ့ရတယ်လို့  မျက်မြင်တွေက ပြောပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ဖျက်ဆီးခံထားရတဲ့ ကားမှာ ဘိလပ်မြေအိတ်တွေ အများအပြား ပျက်စီးနေတာ တွေ့ ခဲ့ရတယ်လို့ ခရီးသွား ပြည်သူ ၁ ဦးက ပြောပါတယ်။ 

ယာဉ်မောင်းတစ်ဦးက “ကျနော်လာတော့ အဲမီးရှို့ထားတဲ့ ကားနားမှာ စစ်သားတွေပဲ အများကြီး ရှိနေတယ်၊ အပြည့်ပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ဆင်မင်း ဘိလပ်မြေအိတ်‌တွေကို မီးသွေးအိတ်တွေဖုံးပြီး လားရှိုးဘက်ကနေ မူဆယ်ဘက် ဦးတည်တင်ဆောင်လာတဲ့ တွဲကား ၁ စီးကို မော်တောင်းနဲ့ တာလုံကြားတိမ်ပင်လယ်မှာ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီလောက် ဖမ်းဆီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မူဆယ် PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လားရှိုးကနေ မူဆယ်ကို ဝင်လာတဲ့အချိန် လမ်းပေါ် ထွက်ဖမ်းလိုက်တာပါခင်ဗျ။ ကားက တစ်စီးပဲ မိလိုက်တာပါခင်ဗျ။ ၃၆ တန်၊ အိတ် ၇၂၀ ပါ တွဲကားပါခင်ဗျ။ လူကတော့ ပြန်လွှတ်လိုက်ပါတယ်ခင်ဗျ။” 

ကားသမားတွေအနေနဲ့ စကစ ထုတ်ကုန်တွေ မတင်ဘဲ ပူးပေါင်းပါဝင်ပေး‌စေလိုကြောင်း မူဆယ် PDF အဖွဲ့က ပြောပါတယ်။

PDF တွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး ပြောက်ကျားစစ်ဆင်ရေး အရှိန်တိုးမြှင့်နေသလို စစ်ကောင်စီရဲ့ အထောက်အပံ့‌ ထောက်တိုင်တွေကို ဖြုတ်ပစ်နေကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up