close

ပေကျင်းအိုလံပစ်အတွက် ၁၇ နိုင်ငံမှ စကိတ်အားကစားသမားများ စတင်လေ့ကျင့်

ဖေဖော်ဝါရီ ၄ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမယ့် တရုတ် ဆောင်းရာသီအိုလံပစ်ပွဲတော် ၂၀၂၂ အတွက် ဒေသမတူတဲ့ နိုင်ငံ ၁၇ နိုင်ငံမှ အားကစားသမားတွေဟာ ပေကျင်းမြို့ ဘဲဥပုံ စကိတ်စီး အမြန်ကွင်းထဲမှာ စတင်လေ့ကျင်နေကြပါတယ်။

‘Ice Ribbon’ လို့ လူသိများတဲ့ အမြန်စီး စကိတ်ကွင်းထဲမှာ နိုင်ငံတကာစကိတ်စီး အားကစားသမား ၁၆၆ ဦး ပြိုင်ဆိုင်ကြမှာပါ။ 

စကိတ်ကွင်းမန်နေဂျာ ကျိုကျူရိက “နိုင်ငံစုံ အားကစားသမားတွေရော၊ နိုင်ငံတကာ စကိတ်စီးသမဂ္ဂ၊ နည်းစနစ်အဖွဲ့တွေ၊ ဒိုင်တွေ ကွင်းထဲ ရောက်လာပါတယ်။ ကွင်းအနေအထားကို အားလုံး ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

စကိတ်ကွင်းထဲ ပထမဆုံး လာရောက်လေ့ကျင့်တဲ့အသင်းက နယ်သာလန်အသင်းဖြစ်ပြီး အသင်းမန်နေဂျာက “စကိတ်ကွင်းပြင်ဆင်ထားတာ အလွန်ကောင်းလွန်းလို့ စိတ်လှုပ်ရှား အံ့အားသင့်မိပါတယ်” လို့ ပြောပါတယ်။

သူတို့ ဒတ်ချ်အားကစားသမားတွေအတွက် ရွှေတံဆိပ် မျှော်မှန်းထားတယ်ကြောင်း ဝန်ခံပါတယ်။

ဖေဖော်ဝါရီ ၅ ရက်မတိုင်ခင် ‘Ice Ribbon’ ကွင်းမှာ စမ်းသပ်ပြိုင်ဆိုင်မှု သုံးကြိမ်  ကျင်းပမှာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up