ဘူလ်ဂေးရီးယားနိုင်ငံ ဆေးရုံများ၌ ကိုဗစ်-၁၉ အရေးပေါ်လူနာများပြည့်နေ

184
ဘူလ်ဂေးရီးယားနိုင်ငံမှာ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရေအတွက် နေ့စဉ် စံချိန်တင်မြင့်တက်နေပြီး ဆေးရုံတွေရဲ့ အထူးကြပ်မတ်ကုသဆောင် ICU တွေထဲ အရေးပေါ်လူနာတွေ ပြည့်လျှံနေပါတယ်။
ဘူလ်ဂေးရီးယားဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ကာကွယ်ထိုးမှုအနည်းဆုံးနိုင်ငံဖြစ်ပြီး လူဦးရေး ၇ သန်းရှိတဲ့အနက် ၃၀ ရာခိုင်နှုန်းအောက်ပဲ ထိုးထားပါတယ်။ ကပ်ဘေး စဖြစ်ချိန်ကတည်းက ကူးစက်ခံရသူ ၉၄၀,၀၀၀ ရှိပြီး သေဆုံးသူ ၃၃,၁၆၀ ဦး ရှိပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့ ဆေးရုံတွေမှာ ICU အရေးပေါ်လူနာ ၅,၇၃၀ လောက်ရှိတယ်လို့ သိရပါတယ်။