close

NUG ဒုဝန်ကြီး အိသဉ္ဇာမောင်ပါဝင်သီဆိုထားသည့် “နိုင်ငံဆိုတာ လူထုအမိန့်” သီချင်း ဖြန့်ချိမည်

နာမည်ကြီးအဆိုတော်တွေ ဖြစ်ကြတဲ့ အဆိုတော် လင်းလင်း၊ R.ဇာနည်၊ ချစ်သုဝေတို့နဲ့အ တူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ဒုဝန်ကြီးတယောက်ဖြစ်တဲ့ ဒေါ်အိသဉ္ဇာမောင် ပါ ဝင်သီဆိုထားတဲ့ သီချင်းတပုဒ် ဖြန့်ချိသွားဖို့ ရှိနေပါတယ်။

“နိုင်ငံဆိုတာ လူထုအမိန့်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေးတေးဆို လင်း လင်းက ဖန်တီးရေးဖွဲထားတာဖြစ်ပြီး Orchestra Music ပုံစံနဲ့ အချိန် ၁၀ မိနစ်ကျော်နား ဆင်ကြရမယ်လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး လင်းလင်းက “ဒီသီချင်းလေးကို ကျနော်ဖြစ်ချင်တဲ့ ပုံစံနီးပါး ဖြစ်ဖို့အတွက် ပြည်တွင်းပြည်ပ မိသားစု ညီအကိုမောင်နှမအယောက် ၇၀၊ ၈၀ ဝန်းကျင်နဲ့ အတူတကွ ကြိုးပမ်းပြင်ဆင်ထားပါတယ်။ ကျနော်လိုချင်တဲ့ Orchestra Instruments တွေရဲ့ အသံအစစ်တွေရဖို့အတွက်လည်း ရောင်းရင်းကြီးကိုဝီထံမှတဆင့် plug-ins အချို့ ကို ဝယ်ယူတီး,နိုင်ခဲ့ပါတယ်။ ညီအကိုမောင်နှမ များစွာရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံ ၂၀ လောက်ရဲ့ ဘာ သာစကားနဲ့လဲ စာသားတစ်ကြောင်းရွတ်ဆိုမှုကို ဖန်တီးထည့်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီစာ သားကိုဘဲ ကျနော်ချစ်ခင်လေးစားရတဲ့ အမကြီး မနီလာသိန်း၊ မဖြူဖြူသင်း တို့အပြင် မြေပြင်အဖွဲ့သားအချို့နဲ့ ပြည်တွင်းပြည်ပ ရောင်းရင်းများရဲ့ ရွတ်ဆိုမှုကိုလဲ ထည့်သွင်းပြင် ဆင်နိုင်ခဲ့ပါတယ်။”

ဒီသီချင်းကိုတော့ အာဏာသိမ်းခံရတဲ့ တနှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ စတင် ဖြန့်ချိသွားမှာဖြစ်ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့ နေရာတွေမှာ လှူုဒါန်းသွားမှာမို့ ဝယ်ယူအားပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

“ဒီကနေ့ကျနော် တောင်းဆိုချင်တာ၊ မေတ္တာရပ်ခံချင်တာက ဒီသီချင်းလေးဟာ ၁ ရက်၊ ဖေ ဖော်ဝါရီကနေစပြီး online apps များစွာမှာ ရောက်ရှိလာပါမယ်။ apple music ၊ spotify စသဖြင့်ပေါ့,,,, ပြည်တွင်း၊ ပြည်ပ မောင်နှမများအားလုံးအနေနဲ့ download ဝယ်ယူပေးကြ ပါခင်ဗျာ။ ရရှိသမျှ အမြတ်အားလုံးဟာလဲ စီစဉ်ပြင်ဆင်ပေးတဲ့ ရောင်းရင်းမိတ်ဆွေများ စွာမှတဆင့် တော်လှန်ရေးရဲ့လိုအပ်သောနေရာများစွာကို စီးဆင်းသွားမှာ ဖြစ်ပါတယ် ခင် ဗျာ။ သီချင်းလေးကိုလဲ FB ပေါ်မှာ ပုံစံမျိုးစုံနဲ့ မတင်ကြဖို့ကိုလဲ အနူးအညွှတ် ကြိုတင် တောင်းပန်ပါတယ်🙏🏼။”

လတ်တလောမှာတော့ ဘယ် apps တွေမှာ ဘယ်လိုရရှိပြီး၊ ဘယ်လိုဝယ်ယူနိုင်မယ်ဆိုတာ ကို အသိပေးသွားမယ်လို့ ဆိုပါတယ်။

" နိုင်ငံဆိုတာ လူထုအမိန့် "

- နိုင်ငံဆိုတာ လူထုအမိန့်သာတည်တယ် ကမ္ဘာမပျက်သရွေ့

"ဧရာဝတီ၊သံလွင်၊ချင်းတွင်း ကို ဘယ်သူတွေခွဲမလဲ။

ဖက်ဒရယ်ဆိုတာ ချစ်ခြင်းမေတ္တာ သံစဉ်တစ်ခုထဲဘဲ။

ဒို့သမိုင်း ဒို့ရေးမယ် ကမ္ဘာအဝှမ်းမှာ ခေါင်းမော့ကြမယ်။"

မြန်မာနိုင်ငံတဝန်းမှာတော့ အကြမ်းဖက်စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့ ဒီနေ့မှာ ပြည်သူ တရပ်လုံးက ငြိမ်သက်ခြင်းသပိတ်ကို ပါဝင်ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up