မွန်ဝန်ကြီးချုပ်အမှု တရားလို သက်သေမလာသဖြင့် ရုံးချိန််းရက်ရွှေ့

ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ရုံးထုတ်ခဲ့ပေမဲ့ တရားလို သက်သေမလာလို့ ရုံးချိန်းပြောင်းရွှေ့လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒီရုံးချိန်းမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးတယ်ဆိုတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀(က) အမှု တစ် မှု၊ ၁၇၁(စ)နဲ့ အမှု ၂ မှု စုစုပေါင်း အမှု ၃ မှု ကို စစ်ဆေးဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ မော်လမြိုင်မြို့နယ်တရားရုံးကို စစ်ကောင်စီရဲ့ တရားလို သက်သေတွေဖြစ်တဲ့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး မလာတာကြောင့် ရုံးချိန်းပြောင်းရွှေ့လိုက်တာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုကိုတော့ လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့ကို ရုံးချိန်း ပြောင်းရွှေ့လိုက်တာဖြစ်ပြီး၊ ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကျန်းမာရေး ကောင်းမွန်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုကိုတော့ စစ်ကောင်စီရဲ့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ့အတွင်းရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာပါ။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားအမှု အမှု ၉ မှု၊ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု ၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတာပါ။