ကျီးကန်းများကို အမှိုက်ကူကောက်လေ့ကျင့်ပေးသည့်သင်တန်း ဆွီဒင် စမ်းသပ်

အမှိုက်ကောက်ရာမှာ လူသားတွေကို ကူညီဖို့ ဆုပေးတဲ့စနစ်ကို ဆွီဒင်နိုင်ငံက အဖွဲ့အစည်းတခုက စမ်းသပ်နေကာ ကျီးကန်းတွေက တုတ်တွေကို ကောက်ယူပြီး အမှိုက်ပုံးထဲ ထည့်ဖို့ သင်တန်းပေးနေတဲ့ ရုပ်သံကို ကော်ဗစ် ကလင်းနင်းအဖွဲ့အစည်းက ပြသပါတယ်။
“ဆုအနေနဲ့ မြေပဲဆန် ကျွေးပါတယ်။ အမှိုက်ပုံးက အမှိုက်နဲ့ ကျောက်ခဲ သစ်ရွက် စတဲ့ တခြား ပစ္စည်းတွေကို ခွဲခြားပြောပြပြီး အမှိုက်ကိုထည့်မှ ဆုပေးပါတယ်။ ငှက်တွေက သူတို့ ဆန္ဒရှိသလောက် ပါဝင်အမှိုက်ကောက်ပြီး လူက အမှိုက်ပုံးသွန်ဖို့နဲ့ အစာဖြည့်ဖို့ပဲ ပါဝင်စရာ လိုတယ်” လို့ အဖွဲ့အစည်းရဲ့ အင်တာနက် စာမျက်နှာက ဖော်ပြထားပါတယ်။
ငှက်တွေအတွက် အမှိုက်အဖြစ် လေ့ကျင့်ပေးတဲ့ ပစ္စည်းတွေအစား တကယ့်အမှိုက်တွေကို ကောက်မလားဆိုတာ စမ်းသပ်ဖို့ စီမံကိန်းကို ပြင်ဆင်နေတယ်လို့ ကော်ဗစ်ကလင်းနင်းအဖွဲ့က သူတို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။