close

မန်ယူနှင့်ပွဲတွင် စီရော်နယ်ဒိုထံမှ ဂျာစီတောင်းဆိုခြင်းကို မစ်ဒယ်ဘရော့နည်းပြ တားမြစ်

မန်ယူနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ စီရော်နယ်ဒိုဆီက ဂျာစီတောင်းဆိုခြင်းကို မက်ဒယ်ဘရော့ နည်းပြ  ခရစ္စဝိုက်ဒါက တားမြစ်ထားပါတယ်။ 

မစ်ဒယ်ဘရော့အသင်းဟာ အက်ဖ်အေဖလား အစောဆုံးပွဲစဉ်အနေနဲ့ စနေနေ့ မနက် ၂ နာရီခွဲ မန်ယူအသင်းနဲ့ အိုးထရတ်ဖို့ဒ်ကွင်းမှာ သွားရောက်ကစားရမှာပါ။ 

အဲဒီပွဲစဉ်ဟာ အပျော်ခရီးစဉ်အနေနဲ့မဟုတ်ဘဲ ယူနိုက်တက်အသင်းကို အန္တရာယ်ပေးနိုင်ဖို့ ယှဉ်ပြိုင် သွားရမယ့်ပွဲဖြစ်တယ်လို့ နည်းပြ ခရစ္စဝိုက်ဒါကပြောပါတယ်။ 

ကစားသမားတွေအနေနဲ့ ကွင်းထဲမှာ စီရော်နယ်ဒိုဆီက ဂျာစီတောင်းဆိုတာတွေကို တားမြစ်ပြီး အဝတ်လဲခန်းရောက်မှသာ ဆန္ဒရှိရင် တောင်းဆိုနိုင်တယ်လို့ မစ်ဒယ်ဘရော့နည်းပြ ခရစ္စဝိုက်ဒါက ပြောပါတယ်။ 

“ကွင်းထဲမှာ မျက်စိရှုပ်စရာတွေ မမြင်ချင်ပါဘူး။ ပြိုင်ဘက်အသင်းတစ်သင်းနဲ့ ကစားရမယ့်ပွဲပါ။ ကစားသမားတွေအနေနဲ့ ခြေစွမ်းပြစေချင်တယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲဖြစ်ချင်ပြီး မန်ယူနိုက်တက်အတွက် အန္တရာယ်ရှိတဲ့ညဖြစ်အောင် ကစားဖို့လိုအပ်တယ်” လို့ မစ်ဒယ်ဘရော့နည်းပြ ဝိုက်ဒါက ပြောသွားပါတယ်။ 

ခရစ္စဝိုက်ဒါဟာ ရှက်ဖီးလ်ယူနိုက်တက်ကို ကိုင်တွယ်စဉ်က အိုးထရတ်ဖို့ဒ်မှာ မန်ယူအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up