close

ယူနိုက်တက်ထက် ပိုအရေးပါသည့်ကစားသမားမရှိဟု နည်းပြရင်းနစ်ခ်ပြော

မန်ယူနိုက်တက်အသင်းထက်ပိုပြီး အရေးပါတဲ့ ကစားသမားမရှိဘူးလို့ နည်းပြရက်ဖ်ရင်းနစ်ခ်က ပြောလိုက်ပါတယ်။ 

ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ နာမည်ကြီးတိုက်စစ်မှူး စီရော်နယ်ဒိုကို လူစားလဲခဲ့ပြီးနောက် ရော်နယ်ဒိုနဲ့ စကားအချေအတင်ဖြစ်ခဲ့ပါတယ်။ 

ရော်နယ်ဒိုကို လူစားလဲခဲ့ရတာက အသင်းရဲ့ အကျိုးအတွက်ဖြစ်ပြီး ယူနိုက်တက်ထက်ပိုအရေးကြီးတဲ့ ကစားသမားမရှိကြောင်း နည်းပြ ရင်းနစ်ခ်ကပြောခဲ့တာပါ။ 

“ခရစ္စတီယာနိုကို လူစားလဲခဲ့တာက အသင်းရဲ့ အကျိုးစီးပွားအတွက်။ ခရစ္စတီယာနိုမကလို့ အက်ဒီဆင်ကာဗာနီပဲ ဖြစ်ဖြစ်၊ ဘရူနိုဖာနန်ဒက်စ်ပဲ ဖြစ်နေနေ အသင်းထက် ဘယ်သူမှ အရေးမကြီးပါဘူး။ ဘရူနိုဟာလည်း ပြီးခဲ့တဲ့ပွဲတချို့မှာ လူစားလဲခံခဲ့ရပြီးနောက် သူ ပျော်ရွှင်ခဲ့တာ မဟုတ်ပါဘူး။ ဒါတွေအားလုံးက အသင်းရဲ့ကောင်းကျိုးအတွက်ဖြစ်တယ်။” 

ရော်နယ်ဒိုအနေနဲ့ လူစားလဲခံရလို့ စိတ်ပျက်သွားတာကလည်း ပြဿနာမရှိကြောင်း၊ သူ့လို ထိပ်တန်းကစားသမားတွေဟာ ကွင်းထဲမှာအမြဲရှိနေချင်ပြီး ပုံမှန်အခြေအနေသာ ဖြစ်ကြောင်း ရင်းနစ်ခ်က ပြောသွားပါတယ်။ 

မန်ယူအသင်းဟာ ဒီကနေ့ည ၉ နာရီခွဲအချိန်မှာ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up