close

ဘင်ဇီမာက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်း ဘရာဇီးဂန္ထဝင် ရော်နယ်ဒို သုံးသပ်

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကာရင်ဘင်ဇီမာဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ ဘရာဇီးဂန္ထဝင် ရော်နယ်ဒိုက မှတ်ချက်ပေးသွားပါတယ်။ 

ဖီဖာကချီးမြှင့်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး ရရှိသွားခဲ့ပေမယ့် ဘင်ဇီမာကပို ကောင်းတယ်လို့ ရော်နယ်ဒိုကပြောပါတယ်။ 

အသက် ၃၄ နှစ်ရှိ တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ ၂၈ ပွဲကစား ၂၄ ဂိုး သွင်းယူထားပြီး ခြေစွမ်းပြနေတာပါ။ 

“ဘင်ဇီမာက အကောင်းဆုံးတိုက်စစ်မှူးဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူပြီးရင်တော့ လီဝန်ဒေါစကီးပေါ့။ ဟာလန်းဟာလည်း နံပါတ်တစ် ကစားသမား ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တခြား ၂ ယောက်က ဟာလန်းထက် ကောင်းမွန်နေတယ်” လို့ ရော်နယ်ဒိုက ပြောပါတယ်။ 

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာလည်း အလွန်သန်မာပြီး ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်မယ်လို့ သတင်းတွေမှာ ဖတ်ခဲ့ရကြောင်း ရော်နယ်ဒိုက ပြောပါတယ်။ 

မက်ဆီနဲ့ နေမာတို့ရဲ့ ခြေစွမ်းကိုလည်း ရော်နယ်ဒိုက ချီးကျူးခဲ့ပြီး ဒီဘက်ခေတ် ဘောလုံး မျိုးဆက်တွေဟာ အရင်ကထက် ကွင်းပြင်ပနေထိုင်မှုပုံစံမှာ ပိုပြီးကောင်းမွန်လာတယ်လို့လည်း ရော်နယ်ဒိုက ပြောသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up