close

တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲဝင်များကို မဲပေးရန် Non CDM ဝန်ထမ်းများကို စစ်ကောင်စီ ဖိအားပေး

စစ်ကောင်စီ ကျင်းပပြုလုပ်တဲ့ တူယှဉ်နွှဲပျော် ဂီတပွဲတော်သီချင်းဆိုပြိုင်ပွဲမှာ စစ်ကောင်စီက Non CDM ဝန်ထမ်းတွေကို  သက်ဆိုင်ရာတိုင်းဒေသကြီးက အဆိုရှင်တွေကို မဖြစ်မနေ မဲပေးဖို့ ဖိအားပေး ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့ ခင်သူသူထွန်းနဲ့ ချိုမီမီဇော် ဆိုတဲ့ အဆိုရှင်နှစ်ဦးကို ဝန်ထမ်းတိုင်း မဖြစ်မနေမဲပေးဖို့  စစ်ကောင်စီက ဖိအားပေး ညွှန်ကြားထားတယ်လို့ Non CDM  ဝန်ထမ်းတွေဆီက သိရပါတယ်။

“ဧရာဝတီတိုင်း ကိုယ်စားပြုတဲ့ အဆိုရှင် နှစ်ဦးကို ဝန်ထမ်းတိုင်း  မဖြစ်မနေ မဲပေးဖို့ တိုင်းဒေသကြီးက ညွှန်ကြားထားတယ်။ မဲပေးပြီးရင်လည်း Sereen Shoot ရိုက်ပြီး အထက်ကို တင်ပြပေးရမယ်ဆိုပြီး ညွှန်ကြားထားတယ်” လို့ ဧရာဝတီတိုင်းအတွင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အဆိုရှင်တွေကို မဲပေးဖို့ ဖေဖော်ဝါရီ ၆ရက် ည ၉ နာရီကနေ ည ၁၁ နာရီအထိ စစ်ကောင်စီပိုင် Mytel ဆင်းကတ် နဲ့ MPT ဆင်းကတ်ကိုသာ အသုံးပြု စာတိုပို့စနစ်နဲ့ မဲပေးရတာပါ။

“ဝန်ထမ်းတွကို Mytel /MPT ဆင်းကwfအသုံးပြုပြီး  မဖြစ်မနေ မဲပေးရမယ်၊ မဲပေးပြီးရင်လည်း  ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ပြန်လည်တင်ပြခိုင်းတယ်။ အခြား အလုပ် မလုပ်ရဘူး။ မဲပေးဖို့ ထိုင်လုပ်နေရတယ်” လို့ Non CDM  ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အခြားသော ပြည်နယ်တိုင်းတွေမှာလည်း ကိုယ်စားပြု ယှဉ်ပြိုင်သူတွေကို မဲပေးဖို့ ဖိအားပေး အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up