close

တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီးဟု စစ်ဒေသကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်းထဲက မြို့နယ်တွေဖြစ်တဲ့ ရေဖြူ၊ လောင်းလုံ၊ ထားဝယ်၊ သရက်ချောင်း၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းနဲ့ ကော့သောင်း စတဲ့မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီဖြစ်တယ်လို့ တနင်္သာရီစစ်ဒေသကွပ်ကဲရေးအဖွဲ့က ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒ နဲ့ လမ်းညွှန်မှုတွေကတဆင့် ဖွဲ့စည်းထားတာလို့ ဆိုပါတယ်။ 

တောက်ပိုင်းစစ်ဒေသကွပ်ကဲရေးနဲ့ တနင်္သာရီစစ်ဒေသကွပ်ကဲရေးအဖွဲ့တို့က ချမှတ်ထားတဲ့ ပြည်သူ့စစ်မဟာဗျူဟာများကို တဆင့်ချင်းအကောင်ထည်ဖော်သွားမယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးတာဝန်ခံက ပြောပါတယ်။

အခုနှစ်ဇန်နဝါရီလဆန်းပိုင်းကစလို့ တနင်္သာရီတိုင်းထဲက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေလို့ ပုလောနဲ့ တနင်္သာရီမြို့နယ်ထဲက ကျေးရွာတချို့က ဒေသခံတွေ လေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up